မကြာခဏဆိုသလို ပဋိပက္ခအခင်းအကျင်းတွင် ကျား/မရေးရာ သုံးသပ်လေ့လာမှုကို နောက်မှသာ တွေးမိတတ်ကြသည်။ အကောင်အထည်ဖော်ကြရာတွင်လည်း အားလုံးကို ခြုံငုံထားသည့် အလွန်အကျူး ရိုးရှင်းအောင် ပြုပြင်ထားသော နည်းလမ်းတစ်ခုတည်းဖြင့်သာ ကိုင်တယ်လေ့ရှိကြသည်။ ဤမိတ်ဆက်သင်ခန်းစာသည် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အစီအစဥ်များရေးဆွဲရာတွင် စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်းမှသည် စီမံကိန်း လက်တွေ့အကောင်အထည်ဖော်သည်အထိ ကျား/မရေးရာ သုံးသပ်လေ့လာမှု ကို ထည့်သွင်းအသုံးပြုရန် အဘယ့်ကြောင့် အရေးကြီးကြောင်း မိတ်ဆက်ပေးရန် ဖြစ်သည်။

ဤသင်ခန်းစာ၏ နှလုံးသည်းပွတ်သည် အားလုံးပါဝင်မှုရှိသည့် ကျားမရေးရာ မူဘောင်နှင့် သဘောတရားများ (GIFT) ဟူသည့် စီမံကိန်း ဒီဇိုင်းများတွင် ကျားမရေးရာ လေ့လာသုံးသပ်မှု ပေါင်းစပ်ထည့်သွင်းရန် ထောက်ပံ့ကူညီပေးသည့် အယူအဆလမ်းညွှန် ဖြစ်ပါသည်။ GIFT ၏ အပိုင်းသုံးပိုင်းအနက် တစ်ခုစီသည် ပဋိပက္ခတွင် ကျားမရေးရာ အခြေပြု ကွဲပြားခြားနားမှုကို အတွင်းကျကျ သိမြင်နားလည်စေရန် ရှင်းပြထားသည်။ ထိုနည်းတူစွာ ပိုမိုခြုံငုံလွှမ်းခြုံသော ၊ အပြောင်းအလဲဖြစ်စေနိုင်သော ကျားမရေးရာ အားလုံးပါဝင်သည့် အစီအစဥ်ရေးဆွဲခြင်းအတွက် လမ်းဖွင့်ပေးထားသည်။ ဤသင်ခန်းစာကို ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အတွက်ရည်ရွယ်၍ ဖန်တီးရေးဆွဲထားသော်လည်း ပါဝင်သည့် အယူအဆများစွာသည် ကျယ်ပြန့်သော ဖွံ့ဖြိုးရေးနယ်ပယ်နှင့် ထိရှလွယ် ပတ်ဝန်းကျင်တွင် လုပ်ဆောင်ရမည့် အခြားသောစီမံကိန်းများအတွက်လဲ ဆီလျော်အသုံးဝင်ပါသည်။

  1. ကြိုဆိုပါတယ်
  2. ငြိမ်းချမ်းရေးတည်ဆောက်ရေးရှိ ကျားမရေးရာ အကြောင်းမိတ်ဆက်
  3. ကျား-မရေးရာ အားလုံးပါဝင်သည့် မူဘောင်နှင့် သဘောတရား (GIFT)
  4. အသုံးချခြင်းနှင့် ကောက်ချက်များ