group-of-people-covering-their-faces

ဤဓါတ်ပုံတွင် မြင်ရေသာ ဟွန်ဒူရပ်စ် မှ MS – 13 ကဲ့သို့သော ဂိုဏ်းများသည် လူငယ်များအား စည်းရုံး၍ ကွန်ဂိုနိုင်ငံ ခြုံနွယ်များအကြား တိုက်ခိုက်ရန် စေခိုင်းကြသည်ကို လာမည့် သင်ခန်းစာတွင် ကြားရပါလိမ့်မည်။ ယောင်္ကျားတစ်ယောက်ဖြစ်ပါက အကြမ်းဖက်မှုနှင့် မကင်းနိုင် ဆိုသည့်အယူအဆသည် လူများအကြား ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားပြီး ပဋိပက္ခကို တိုးပွားစေရန် အဓိက တွန်းအားပေးနေသည့်အချက်လဲ ဖြစ်သည်။ (ဓါတ်ပုံ - Tyler Hicks, The New York Times)


လက်တွေ့နယ်ပယ်မှ စကားသံများ - မူသာခါ အီလော့ အယ်ဖုန်းစ် (ကွန်ဂို ပြည်သူ့သမ္မတနိုင်ငံ)

မူသာခါ အီလော့ အယ်ဖုန်းစ် သည် ကွန်ဂိုနိုင်ငံသား ကျား-မရေးရာ တက်ကြွလှုပ်ရှားသူ ဖြစ်ပြီး အာဖရိကန် ဒေသတွင်း ကွန်ယက်များ နှင့် ဆယ်စုနှစ်တစ်ခုကျော် လက်တွဲ၍ ကျား-မရေးရာ တန်းတူညီမျှရေး မြှင့်တင်ပေးသည့် အစီအစဥ်များ ရေးဆွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ ၊ ကျား-မအခြေပြု အကြမ်းဖက်မှု တားဆီးရေး ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ၊ ယောင်္ကျားဆန်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို လူထုအသိုင်းအဝိုင်းအဆင့် နှင့် နိုင်ငံတော်အဆင့် တို့တွင် လုပ်ဆောင်နေခဲ့သူဖြစ်သည်။ သူသည် ကွန်ဂို ပြည်သူ့သမ္မတနိုင်ငံတော် (DRC) လိင်ပိုင်းဆိုင်ရာ နှင့် ကျား-မအခြေပြု အကြမ်းဖက်မှုများ တိုက်ဖျက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာ ပြင်ဆင်ရာ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၎င်း၏ အကြမ်းဖက်မှုနှင့် ယောင်္ကျားပီသမှုကို အာရုံစိုက်လုပ်ဆောင်မှုများအား ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက သူ့ကို ခြိမ်းခြောက် အန္တရာယ်ပေးနိုင်သူအဖြစ် ရှုမြင်လာကြသောကြောင့် သူသည် ကင်ညာနိုင်ငံ ၊ ထိုမှတဆင့် ဆွီဒင်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်၍ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ရသည်။ အီလော့သည် ကျား-မ တန်းတူညီမျှမှုဆိုင်ရာ နိုင်ငံအဆင့် နှင့် နိုင်ငံတကာအဆင့် လုပ်ထုံးလုပ်နည်းများအကြောင်း အသိပညာပေး လုပ်ငန်းများတွင် တက်တက်ကြွကြွ လုပ်ဆောင်နေသည်။ လက်တလောတွင် Swedish Association for Sexuality Education ၏ အပြည်ပြည်ဆိုင်ရာ ပရိုဂရမ်မန်နေဂျာ နှင့် လုံခြုံရေးဆိုင်ရာ အကြံပေး အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။

ယောင်္ကျားပီသမှု လက္ခဏာများကို ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၌ ထည့်သွင်းခြင်း - အန္တရာယ်ဖြစ်စေသည့် စံနှုန်များမှ ဖယ်ခွာ၍ ဆက်ဆံရေးများအား အသွင်ပြောင်းခြင်း

ကျား-မရေးရာကို ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အစီအစဥ်များ၌ ထည့်သွင်းခြင်းသည် WPS အစီအစဥ်နှင့် အံဝင်ဂွင်ကျပင် ဖြစ်သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အမျိုးသမီးများ၏ အဓိပ္ပါယ်ပြည့်ဝသော ပါဝင်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု တို့အတွက် မရှိမဖြစ် အရေးကြီးသော်လည်း အကြမ်းဖက်မှု ပုံစံအားလုံး လျှော့ချနိုင်ရန် ယောင်္ကျားပီသသည့် လက္ခဏာများ ၊ အကြမ်းဖက်မှုနှင့် စစ်တပ်ပုံစံသွင်းခြင်းတို့အကြား ဆက်နွယ်မှုတို့ကို ကိုင်တွယ်ရန် လိုအပ်နေကြောင်း အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းအချို့တို့က သတိပြုမိခဲ့ကြသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ဤလက်တွေ့ လုပ်ငန်းခွင်စာတမ်းသည် သုံးနှစ်ကျော်ကြာ ပြုလုပ်ခဲ့သည့် ယောင်္ကျားပီသမှုလက္ခဏာများ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နယ်ပယ်မှ ငြိမ်းချမ်းရေးဆိုင်ရာ အရင်းအမြစ်များ နှင့် ယောင်္ကျားပီသမှု လက္ခဏာများအား ကျား-မရေးရာ ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဥ်ရေးဆွဲရာတွင် ထည့်သွင်းလိုက်သည့်အခါ တွေ့ကြုံရသည့် စိန်ခေါ်မှုများအား ပြန်လည်သုံးသပ်၍ ရေးသားထားခြင်းဖြစ်သည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ