man-and-woman-sitting

သင့်လူမှုအသိုင်းအဝိုင်းတွင် “တကယ့်ယောင်္ကျား” သို့မဟုတ် “တကယ့်မိန်းမကောင်း” ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း (ဓါတ်ပုံ - Sergei Prokudin-Gorskii, Wikimedia )


သင့်လူမှုအသိုင်းအဝိုင်းက ကျား-မရေးရာ အပေါ် ရှုမြင်ပုံကို စဥ်းစားသည့် လေ့ကျင့်ခန်းဖြင့် စတင်ချင်ပါသည်။ ဤလေ့ကျင့်ခန်းက ထင်မြင်ယူဆချက်များ၊ အရိုးစွဲ သတ်မှတ်ချက်များ နှင့် ရှိနှင့်ပြီးသား ကျား-မရေးရာ စံသတ်မှတ်ချက်များကို ဖော်ထုတ်နိုင်ရန် သင့်ကို ကူညီပါလိမ့်မည်။ ထို့ပြင် အဆိုပါ အတွေးအခေါ်များနှင့် စံသတ်မှတ်ချက်များသည် အမျိုးမျိုးဖြစ်နိုင်ပြီး ပြောင်းလဲနိုင်ကြောင်း သင်သတိပြုမိလာပါလိမ့်မည်။

လေ့ကျင့်ခန်း

ဤဗွီဒီယိုအောက်တွင် ဖော်ပြထားသည့် ဇယားကွက်ကို ပရင့်ထုတ်၍ သော်လည်းကောင်း ၊ စာရွက်တစ်ရွက်နှင့် ရေးစရာ တစ်ခုခု ယူ၍သော်လည်းကောင်း ပါဝင်နိုင်ပါသည်။ ဤလေ့ကျင့်ခန်းတွင် ဇယားကွက်၏ ပထမအကွက်ကိုသာ ဖြည့်စွက်ရန် လိုအပ်ပါသည်။ တခြား ဇယားကွက်များကို ဂရုမစိုက် သို့မဟုတ် ခေါက်ထားနိုင်ပါသည်။ သင်အဆင်သင့်ဖြစ်ပြီဆိုလျှင် ဗွီဒီယိုကို စတင်ကြည့်ရှုနိုင်ပါပြီ။

ယောင်္ကျားက ယောင်္ကျားလိုနေ / မိန်းမက မိန်းမလိုနေ အပိုင်း - ၁

အဓိက အယူအဆ

ဤသင်ခန်းစာတွင် ထပ်မံ သင်ယူရမည်ဖြစ်သည့်အတိုင်း ကျား-မရေးရာ စံသတ်မှတ်ချက်များနှင့် မျှော်လင့်ချက်များအား အလေးအနက် သုံးသပ်ဆင်ခြင်ခြင်းဖြင့် သင်အလုပ်လုပ်နေရသည့် ပတ်ဝန်းကျင် အခြေအနေကို ပိုမိုနားလည်လာနိုင်ပြီး ပိုမိုကောင်းမွန်သည့် စီမံကိန်း ဒီဇိုင်းများ ရေးဆွဲနိုင်လာပါမည်။

သင်တန်းနည်းပြ မှတ်စု

ဤလေ့ကျင့်ခန်းသည် အမျိုးသား နှင့် အမျိုးသမီး ဆိုသည့် အမျိုးအစားခွဲခြားသတ်မှတ်မှုကို အာရုံစိုက်သော်လည်း သင်ထုတ်ဖော်လိုက်သည့် မျှော်လင့်ချက်များနှင့် စံသတ်မှတ်ချက်များသည် ကျား-မရေးရာနှင့် လိင်စိတ်ကွဲပြားသူ လူနည်းစုများအပေါ် နှင့် ကျား-မရေးရာ နှင့် ပတ်သက်၍ ကျွန်ုပ်တို့ ယေဘူယျ တွေးမြင်ပုံကို အကျိုးသက်ရောက်သည်။ ဤအပိုင်းကို နောင်သင်ခန်းစာများတွင် ထပ်မံဆွေးနွေးသွားပါမည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ