woman-in-a-village

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား သည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချခိုလှုံရာ နေရာတစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် သိန်းပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များ ၏ ခိုလှုံရာဖြစ်သည်။ (ဓါတ်ပုံ - Adam Dean, The New York Times)

ကျား/မရေးရာ လေ့လာသုံးသပ်ခြင်း ကို အတွင်းကျကျ သိရှိလိုပါက ယင်းသည် ဥပမာတစ်ခုဖြစ်သည်။ Saferworld ၏ အစီရင်ခံစာ “ Doing Right By Women and Girls in Cox’s Bazar,” သည် ဒေသခံအခင်းအကျင်းများ၏ အရေးပါမှု နှင့် ကျား/မရေးရာ အခြေအနေများက လွှမ်းမိုးသက်ရောက်မှုရှိသော ကြားဝင်လုပ်ဆောင်မှု နည်းလမ်းအသွယ်သွယ်အကြောင်း အတွင်းကျကျ ထဲထဲဝင်ဝင်လေ့လာထားသည့် ဖြစ်ရပ်လေ့လာမှုဖြစ်သည်။ ယင်းက ကျား/မရေးရာ အခြေအနေများကို လျစ်လျူရှုခြင်းကြောင့် လိုလားသည့် ရလာဒ်ကို ထိခိုက်စေနိုင်ကြောင်း သရုပ်ပြထားသည်။

အောက်တွင် ဖော်ပြထားသည့် မေးခွန်းများမှာ ဇာတ်ကြောင်းလေ့လာမှုကို ရှေ့ဆက်သုံးသပ်နိုင်ရန် ဖြစ်သည်။ မေးခွန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရွေးပါ။

  1. ၁။ အစီရင်ခံစာအရ ကော့ဘဇားတွင် ဖြစ်ပွားနေသည့် တင်းမာမှုများ ၊ အကြမ်းဖက်မှုများ နှင့် မလုံခြုံမှုများအား လတ်တလော လေ့လာသုံးသပ်မှုများနှင့် တုန့်ပြန်ဆောင်ရွက်မှုများတွင် လစ်ဟာချက် နှစ်ခုရှိသည်။ “... ပထမဦးဆုံး လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အစီအစဥ်များကိုယ်၌က တင်းမာမှုတွေကို မီးထိုးပေးနေသလိုဖြစ်စေတဲ့ နည်းလမ်းတွေ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းမငယ်များအတွက် မလုံခြုံမှု၊ ဒုတိယက လက်ရှိ လူမှုသဟဇာတဖြစ်မှုကို ဘယ်လို ဘောင်ခတ်ထားသလဲ သို့မဟုတ် အနည်းဆုံးတော့ ကျား/မရေးရာ ထည့်သွင်းစဥ်းစားထားတဲ့ မလုံခြုံမှု၊ ပဋိပက္ခ နှင့် အကြမ်းဖက်မှုကို ဖြစ်စေတဲ့ တွန်းအားတွေနဲ့ကို ဖုံးအုပ်ထားတယ် ”
  2. အစီရင်ခံစာက ပဋိပက္ခ အကဲဖြတ်သုံးသပ်ပြုရာမှာ ဒုက္ခသည်စခန်းအတွင်းနှင့် တစ်ခုနှင့်တစ်ခုအကြားက အမျိုးသမီးများအကြား စိတ်ဝမ်းကွဲပြားမှုများ သို့မဟုတ် နစ်နာမှုများ ကိုအာရုံစိုက်လိုမှုကိုလည်း ဖော်ပြထားသည်။ ဘုံတူညီသော အတွေ့အကြုံများနှင့် ထိခိုက်လွယ် အားနည်းမှုများကို ထည့်သွင်းစဥ်းစားခြင်းက အကဲဖြတ်သုံးသပ်မှုနှင့် စီမံကိန်း ဒီဇိုင်းကို မည်သို့ အထောက်အကူပြုနိုင်မည် ဟု ထင်ပါသနည်း။
  3. ဤအခန်းတွင် ယောင်္ကျားက ယောင်္ကျားလိုနေ / မိန်းမက မိန်းမလိုနေ လေ့ကျင့်ခန်းကို ပြန်လည်သုံးသပ်ကြည့်ရအောင်။ ဤအခင်းအကျင်းတွင် အမျိုးသမီး၊ အမျိုးသားနှင့် GSM တို့နှင့် ပတ်သက်သည့် အချို့သော ကျား/မရေးရာ စံသတ်မှတ်ချက်များ နှင့် မျှော်လင့်ချက်များ က ပဋိပက္ခနှင့် မလုံခြုံမှုအပေါ် မည်သို့သက်ရောက်မှု ရှိနိုင်ပါသနည်း။
  4. အစီရင်ခံစာက သီးခြား ပရိသတ်ကို ရည်ညွှန်း၍ အကြံပြုချက်များ ထည့်သွင်းရေးသားထားသည်။ သင့်စိတ်ဝင်စားသည့် အကြံပြုချက်တစ်ခုကို ရွေးချယ်၍ ဘာ့ကြောင့် ရွေးချယ်ရသည်ကို ပြောပြပါ။ ဤအစီရင်ခံစာပါ ကျား/မရေးရာ လေ့လာဆန်းစစ်ခြင်း က အဆိုပါ အကြံပြုချက်ကို မည်သို့ ထောက်ပံ့ထားပါသနည်း။

နောက်စာမျက်နှာ  ယခင်စာမျက်နှာ