weapon-training

ကိုလံဘီယာတော်လှန်ရေး တပ်မတော်မှ (Revolutionary Armed Forces of Colombia (FARC)) အဖွဲ့ဝင်နှစ်ဦးက တပ်သားသစ်တစ်ဦးအား ရိုင်ဖယ်ပစ်နည်း သင်ကြားပေးနေပုံ။ အရပ်သားဘဝကို အသားမကျနိုင်ကြပဲ ပြည်သူ့စစ်များ၏ ရန်ကို စိုးရိမ်နေကြရသည့် FARC တပ်သားဟောင်းများသည် တော်လှန်ရေး အင်အားစုများထံ ပူးပေါင်းဝင်ရောက်ကြသောကြောင့် ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေသည်။ (ဓါတ်ပုံ - Federico Rios Escobar, The New York Times)

အမျိုးသားများအား အပြုသဘောဆောင်သည့် အပြောင်းအလဲဖော်ဆောင်သူများအဖြစ် လက်တွဲဆောင်ရွက်ခြင်း

ပြန်လှန်သုံးသပ်ခြင်း

သင့်မိသားစု ၊ လူမှုအသိုင်းအဝိုင်း သို့မဟုတ် သင်အလုပ်လုပ်နေသည့် တိုင်းပြည်ရှိ အမျိုးသားများအကြောင်း စဥ်းစားကြည့်ပါ။ သင့်အနေဖြင့် ပြောင်းလဲသင့်သည်ဟု ယူဆသော ယောင်္ကျားဖြစ်ခြင်းနှင့် ချိတ်ဆက်နေသည့် သာမာန်အမူအကျင့်များ ၊ သဘောထားများနှင့် မျှော်လင့်ချက်များ မှာ အဘယ်နည်း။ ဘယ်လို အပြောင်းအလဲမျိုးကို သင်တိုက်တွန်းအရေးဆိုပါမလဲ။ ယင်းတို့က ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် မည်သို့ သက်ဆိုင်နေပါသနည်း။ အဆိုပါ အမူအကျင့်များ ၊ သဘောထားများနှင့် မျှော်လင့်ချက်များကို မည်သူတွေက ကိုင်စွဲထားပါသနည်း။ သူတို့ မည်သို့ ပြောင်းလဲနိုင်ပါသနည်း၊ ယင်းသို့ပြောင်းလဲစေရန် သင်ကရော မည်သည့်အခန်းကဏ္ဍက ပါဝင်နိုင်သနည်း။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ