gender-course-illustrations

ဂုဏ်ယူပါတယ်! သင်ခန်းစာ ပြီးဆုံးသွားပါပြီ။ ယခု သင်လေ့လာခဲ့သမျှကို ပြန်လည်သုံးသပ်ပြီး သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရယူရန် အချိန် ဖြစ်ပါတယ်။ (ဓါတ်ပုံ - Eberhard Grossgasteiger, Pexels )


ဤကျား၊မရေးရာ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း မိတ်ဆက်သင်ခန်းစာတွင် ကျား၊မရေးရာ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ ကျား၊မရေးရာ လေ့လာသုံးသပ်ခြင်း မည့်သည့်အတွက်ကြောင့် အရေးပါကြောင်း ရှင်းလင်းတင်ပြချက်များ၊ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း စီမံကိန်း ဒီဇိုင်းများ ရေးဆွဲရာတွင် အစကနဦးကပင် ကျား၊မရေးရာ လေ့လာသုံးသပ်ခြင်းအား ထည့်သွင်းနိုင်စေရန် ကူညီပေးမည့် အယူအဆရေးရာ မူဘောင် ဖြစ်သည့် GIFT တို့ကို ထည့်သွင်းထားပါသည်။

ရိုကီယာ ဖြစ်စဥ်ဇာတ်လမ်းတွင် တွေ့မြင့်ရသည့်အတိုင်း GIFT ၏ အစိတ်အပိုင်းတစ်ခုစီက သင့်ကို မေးခွန်းများ မေးစေ၍ ပဋိပက္ခ အခင်းအကျင်းတွင် ကျား၊မရေးရာ အရေးပါသည့် အချက်အလက်များ ထည့်သွင်းစဥ်းစားနိုင်စေရန် အကူအညီပေးသည်။ ယင်းသည် ကျားမရေးရာ အကဲဖြတ်သုံးသပ်ခြင်း၏ ပထမခြေလှမ်းမျှသာဖြစ်သော်လည်း အရေးပါသည့် ခြေလှမ်းဖြစ်ပါသည်။

ကျွန်ုပ်တို့ မျှော်လင့်သည်မှာ သင်သည် အလုပ်စားပွဲဝိုင်းတွင် ထိုင်မိသည့်အခါ “ခဏနေပါဦး၊ ဒီပဋိပက္ခကို တွန်းအားပေးနေတဲ့ တခြားတခုခုများ ရှိသေးသလား၊ ဒီပဋိပက္ခကြောင့် ကျား၊မရေးရာ ကို ဘယ်လို သက်ရောက်စေသလဲ ၊ ဘာတွေသက်ရောက်နေသလဲ။ ဘယ်သူ့အသံတွေ ကျနော်တို့ မကြားရသေးဘူးလဲ” ဟု ပြောနိုင်လောက်အောင် အသိပညာ ဗဟုသုတပြည့်စုံနေမည် ဟု ဖြစ်ပါသည်။ ထို့အပြင် သင်က အဆိုပါ အသံများ ပါဝင်လာနိုင်အောင် လုပ်ဆောင်ပေးမည့်သူ၊ အပြောင်းအလဲကို ဆောင်ကျဥ်းလာနိုင်မည့် အသံများ ကို လမ်းဖွင့်ပေးရန် ကြိုးပမ်းသူ ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။

နောက်လာမည့် စာမျက်နှာတွင် သင်လေ့လာခဲ့သည်များကို ပြန်လည်သုံးသပ်၍ သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရယူနိုင်ပါလိမ့်မည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ