GIFT မိတ်ဆက်

ကတ်သလင်း ခီးနက်စ် က ကျားမရေးရာ အားလုံးပါဝင်မှုရှိသော မူဘောင်နှင့် သဘောတရားများ (GIFT) အကြောင်းမိတ်ဆက်၍ နည်းလမ်းသုံးသွယ်ကို အထူးရှင်းပြထားသည်။ ပြီးခဲ့တဲ့ သင်ခန်းစာမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် ကျား-မလေ့လာဆန်းစစ်မှုက ဘာကြောင့် အရေးကြီးသလဲဆိုတာ ပြောခဲ့ကြတယ် ကျွန်မတို့က  စီမံကိန်းဒီဇိုင်းဟာ အခင်းအကျင်းအားလုံးရှိ ကျား-မရေးရာ အခြေအနေများနဲ့ လျော်ညီမှုရှိမရှိ ဆိုတာကို ကျား-မရေးရာ လေ့လာဆန်းစစ်မှုက ဘယ်လိုစမ်းသပ်သင့်ကြောင်း စူးစမ်းခဲ့ကြတယ် ဒါပေမဲ့ အဆိုပါ အခြေအနေတစ်ခုက ကျား-မရေးရာ အခြေအနေကို နားလည်ခြင်းဖို့ဆိုရင် ကျား-မ ရေးရာ ရှုထောင့်များစွာ ရှိတယ်ဆိုတဲ့ သဘောသဘာဝကို သိမြင်ဖို့ လိုအပ်ပါတယ် ကျွန်မတို့အနေနဲ့   လူမှုအသိုင်းအဝိုင်းက ကျား-မ ရေးရာကို ဘယ်လိုဖန်တီးသလဲ ၊ ပဋိပက္ခက ကျား-မရေးရာကို ဘယ်လို ပုံသွင်းသလဲ ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် အားလုံးပါဝင်မှု နဲ့ တန်းတူညီမျှမှုကို ဘယ်လို မြှင့်တင်နိုင်သလဲ ဆိုတာကို နားလည်သဘောပေါက်နိုင်ဖို့ အယူအဆရေးရာ မူဘောင်တစ်ခု လိုအပ်တယ်  အဆိုပါ အလွှာစုံ အခြေအနေများကို ပြည့်ပြည့်စုံစုံနားလည်နိုင်ဖို့  GIFT မူဘောင်မှာ လေ့လာဆန်းစစ် ခြင်း အပိုင်း သုံးခုကို ထည့်သွင်းထားပါတယ် ပထမအပိုင်းမှာ   နိုင်ငံတကာ အမျိုးသမီးများ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးလုပ်ငန်းစဥ်တို့အရ ချဥ်းကပ်နည်းလမ်းများ နှင့် အားထုတ်မှုများကို ဆွေးနွေးပါတယ် ဒီအပိုင်းမှာ  အကြမ်းဖက်ပဋိပက္ခများ ကြုံတွေ့နေရသောအမျိုးသမီးများ နှင့် ၎င်းတို့အား တရားဝင်  အဖွဲ့အစည်းဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့မှ သမိုင်းကြောင်းတလျှောက် ချန်လှပ်ထားခံရမှု ဆိုင်ရာ မတူကွဲပြားသည့် အတွေ့အကြုံများကို ထည့်သွင်းထားပါတယ် ဒုတိယအပိုင်းဖြစ်တဲ့ ငြိမ်းချမ်းသည့် ဖိုဆန်သော ဝိသေသများမှာ ကျား-မရေးရာဆိုတာ အမျိုးသမီး နဲ့ မိန်းမငယ်များအတွက် သက်သက် တည်ဆောက်မှု တစ်ခုမဟုတ်ဘူးဆိုတဲ့ အခြေခံအချက်ကို ရှင်းပြပါတယ် ဒါဟာ  အမျိုးသားများ နှင့်ယောက်ျားလေးများ ကို ပုံသွင်းတဲ့၊ ဖိုဆန်မှုဝိသေသကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်ထားတဲ့ လူမှု-ယဥ်ကျေးမှုဆိုင်ရာတည်ဆောက်မှုတစ်ခုသာ ဖြစ်ပါတယ် ဖိုဆန်သော ဝိသေသများကို လွှမ်းမိုးတည်ဆောက်မှုက ယေဘုယျအားဖြင့် ယောင်္ကျားသားများဟာ သဘာဝကိုက ကြမ်းကြုတ်တယ်ဆိုတဲ့ မရေမရာ ထင်မြင်ယူဆချက်ပေါ်မှာ အခြေခံပါတယ် ဒီအကြမ်းဖက်မှုကို လူမှုရေးမှာ ထည့်သွင်းထားမှုက အမျိုးသမီးများနှင့် မိန်းကလေးများ အပေါ်မှာသာမက အမျိုးသားများနှင့် ယောင်္ကျားလေးများအပေါ် ထိခိုက်စေတဲ့အပြင် ဒီ ကြမ်းတမ်းတဲ့စရိုက် ပုံစံမှာ ဘောင်မဝင်တဲ့ သူများအတွက်ပါ ထိခိုက်စေပါတယ် လူ့အသိုင်းအဝိုင်းတစ်ခုမှာ အကြမ်းဖက်မှုကို ကျွန်မတို့ သင်ယူမှု မပြုတော့ဘူးဆိုရင် ၊ လူသား ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အကြမ်းဖက်မှုကို ထည့်သွင်းခြင်းမပြုတော့ရင် အဲ့ဒီအသိုင်းအဝိုင်းက ဘယ်လိုပုံစံဖြစ်သွားမလဲ  ဒါ ငြိမ်းချမ်းသည့် ဖိုဆန်သော ဝိသေသများဆိုတဲ့ အယူအဆက အာရုံစိုက်တဲ့အချက်ဖြစ်ပါတယ် လူ့ဘောင် ပြဿနာတွေကို ဖြေရှင်းရာမှာ အမျိုးသားများနှင့် ယောင်္ကျားလေးများကို အပြုသဘောဆောင်သော ၊ အကြမ်းမဖက်သော ချဥ်းကပ်မှုနဲ့ ဆက်ဆံခြင်းဖြစ်ပါတယ်  နောက်ဆုံးကတော့ ဖိုသဘာဝ နဲ့ မသဘာဝ ၊ ၎င်းတို့နဲ့ အခြားသော ဖွဲ့စည်းပုံအရ ဖိနှိပ်ထားမှုများ ချိတ်ဆက်နေမှုအပေါ် သက်ဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေအလိုက် နားလည်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဝါဒများ ဒီဇိုင်းရေးဆွဲမယ်ဆိုရင် အကျိုးအမြတ်အများကြီး ရနိုင်ပါတယ် ဒါသည် GIFT ၏ တတိယအပိုင်းဖြစ်တဲ့ ဝိသေသလက္ခဏာများ ဆက်နွယ် ဖြတ်သန်းသွားခြင်း ရဲ့ အနှစ်ပဲ ဖြစ်ပါတ ယ် ကျား-မဆိုင်ရာ အခြေအနေများက လူမျိုး၊  တိုင်းရင်းသား ၊ ကိုးကွယ်ရာ ဘာသာ နှင့် အဆင့်အတန်း ကဲ့သို့သော ဝိသေသ လက္ခဏာများနဲ့ ဆက်စပ်နေသော သြဇာအာဏာနဲ့ ဘယ်လို ဆက်သွယ်တယ်ဆိုတာကို ထည့်သွင်းစဥ်းစားခြင်းဟာ  ထိရောက်သောစီမံကိန်းဒီဇိုင်းရဲ့ သော့ချက်ဖြစ်ပါတယ်။ 

မတူညီသော ကိုယ်ပိုင် ဝိသေသလက္ခဏာများရှိကြတဲ့ လူပုဂ္ဂိုလ်များ နှင့် အုပ်စုများဟာ ပဋိပက္ခကို ဘယ်လို ကြုံတွေ့ကြရသလဲ၊  ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းတွေက သူတို့အပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်သလဲ သူတို့ဆီက ဘယ်လို ထူးခြားကွဲပြားတဲ့ အမြင်တွေ ရနိုင်သလဲ ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ 

ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ မညီမျှမှုနှင့် ချန်လှပ်ခံရမှုတို့ကို အမြစ်ကနေ ဖယ်ရှားနိုင်မယ့် ဘက်စုံ ပြုပြင်ပြောင်းလဲရေး ချဥ်းကပ်နည်းလမ်းဆိုတာ မတူကွဲပြားသော ၊ အလွှာစုံ ဆက်နွယ်နေသည့် ဝိသေသလက္ခဏာများကို ထည့်သွင်းခြင်းမပြုရင် မဖြစ်နိုင်ပါဘူး  GIFT ကို ဒေါင်းလုဒ်လုပ်၍ သိမ်းထားနိုင်ပါသည်။ ယင်းကို သင်ခန်းစာ သင်ယူနေဆဲကာလတလျှောက် အသုံးပြုရုံသာမက သင်တန်းပြီးဆုံးပြီးနောက် သင့်စီမံကိန်းများ အတွက် အသုံးပြုနိုင်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် အောက်တွင် ဒေါင်းလုဒ်ယူနိုင်ပါသည်။ GIFT ကို မြန်မာ


နောက်စာမျက်နှာ  ယခင်စာမျက်နှာ