woman-standing

အချို့သော နိုင်ငံများတွင် အမျိုးသမီးဖြစ်ရခြင်းက လှုပ်ရှားသွားလာခြင်း ၊ ပညာရေး နှင့် ပြင်ပထွက် အလုပ်လုပ်ခြင်းအပါအဝင် ရင်းမြစ်များ ရယူသုံးစွဲခြင်း တို့တွင် အကန့်အသတ်ရှိသည်။ ဤအပိုင်းတွင် လူမှုရေးအရ ကျား၊ မရေးရာ စံသတ်မှတ်ချက်ကို မလိုက်နာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ထည့်သွင်းစဥ်းစားသွားပါမည်။ (ဓါတ်ပုံ - Victor J. Blue, The New York Times)


ဤသင်ခန်းစာအစတွင် ပြုလုပ်ခဲ့သည့် ဇယားကွက်ကို ပြန်သုံးရအောင်၊ အနီးအနားတွင် မရှိပါက အသစ်တစ်ခု ထပ်မံရေးဆွဲခြင်း သို့မဟုတ် ပရင့်ထုတ်ခြင်း ပြုနိုင်ပါသည်။ ဤလေ့ကျင့်ခန်းတွင်မူ ဒုတိယ ဇယားကွက်ကို ဖြည့်ကြရအောင်၊

အဓိက အယူအဆ

လူမှုအသိုင်းအဝိုင်းအများစုတွင် ကျား/မရေးရာ စံသတ်မှတ်ချက်များကို မလိုက်နာပါက အကျိုးဆက်များရှိသည်။ အချို့သောဖြစ်စဥ်များတွင် လူများအား အဆိုပါ စံသတ်မှတ်ချက်များကို လိုက်နာစေရန်နှင့် လူ့အဖွဲ့အစည်းတွင်း မညီမျှသော ပါဝါဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် အကြမ်းဖက်နည်းလမ်းများကို အသုံးပြုကြသည်။

ကျား/မ အရေးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသည့် လူနည်းစုများ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၌ ပါဝင်ရန် အဘယ့်ကြောင့် အရေးကြီးသနည်း

လူမှုအဖွဲ့အစည်းတစ်ခုတွင်းရှိ အုပ်စုတစ်စုစု ကို ပစ်မှတ်ထား၍ အကြမ်းဖက်မှု နှင့် ခွဲခြားဆက်ဆံမှု ပုံစံတစ်မျိုးမျိုး ကြုံတွေ့နေရသည်ဆိုလျှင် အဆိုပါ လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းသည်ဟု မယူဆနိုင်ပေ။ ဤဆောင်းပါးတွင် လက်ရှိ ကျင့်သုံးမှုများတွင် ကျား/မရေးရာနှင့် လိင်စိတ်ခံယူမှု ကွဲပြားသည့် လူနည်းစုများ (GSM) အားလုံးပါဝင်မှု လစ်ဟင်းနေခြင်းနှင့် မည်သို့ ထည့်သွင်းနိုင်ကြောင်း အသေးစိတ် ဆွေးနွေးထားသည်။ GSM သည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် မထင်မရှားဖြစ်နေဆဲဖြစ်သည်။ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၌ ကျား/မရေးရာ အခြေအနေများ ကို ကိုင်တွယ်ရန် အကောင်းဆုံး နေရာဖြစ်သည့် နိုင်ငံတကာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) အစီအစဥ်များတွင်ပင်လျှင် GSM အခွင့်အရေးများ ၊ အကာအကွယ်များနှင့် ပါဝင်ဆောင်ရွက်ခွင့်များအား လုံလောက်သည့် အာရုံစိုက်မှု မရရှိသေးပါ။ အားလုံးပါဝင်သည့် GSM ဖြစ်စေရန် ရှိရင်းစွဲ စံသတ်မှတ်ချက်များနှင့် ချဥ်းကပ်နည်းလမ်းများ မရှိခြင်းက ငြိမ်းချမ်းရေးတည်ဆောက်သူများ အနေဖြင့် GSM ကို အဘယ့်ကြောင့် ၊ ဘယ်လို ရည်ရွယ်ချက်ရှိရှိဖြင့် ထည့်သွင်းရမည်မှာ ဝတ္တရားတစ်ရပ်ဖြစ်သည်ဟု ဆိုလိုသည်။

ပြန်လှန်သုံးသပ်ခြင်း

အောက်ပါအချက်များကို ပြန်လှန်သုံးသပ်နိုင်ရန် အချိန်ခဏယူပါ -

  • သင့်ဘဝတွင် ကျား/မရေးရာက မည်မျှ သက်ရောက်မှုရှိကြောင်း သတိပြုမိလာသည့် အချိန်တစ်ခုကိုစဥ်းစားပါ၊ အကယ်၍ ကျား/မရေးရာ တန်းတူညီမျှမှုသာ ရှိမည်ဆိုလျှင် သို့မဟုတ် ကျား/မရေးရာနှင့် ပတ်သက်၍ ယခုနှင့်မတူသည့် ထင်မြင်ယူဆချက်များသာ ရှိမည်ဆိုလျှင် သင့်ဘဝ မည်သို့မည်ပုံ ကွဲပြားခြားနိုင်မည်ကို စဥ်းစားကြည့်ပါ။
  • ငြိမ်းချမ်းရေးတည်ဆောက်သူများအနေဖြင့် GSM အားလုံးပါဝင်စေရန် မည်သို့ ရည်ရွယ်ချက်ရှိရှိ ၊ ကိုယ်တိုင်ပြန်လည် သုံးသပ်မှုရှိရှိ လုပ်ဆောင်နိုင်လာမည်နည်း။

နောက်စာမျက်နှာ  ယခင်စာမျက်နှာ