military-greeting-civilian

ကွန်ဂို တက်ကြွလှုပ်ရှားသူ ဂျူလီရန်နီ လူဆန် နှင့် ဆိုမာလီယာ မှ အာဖရိကန် ပြည်ထောင်စု တပ်သား တစ်ဦး လက်ဆွဲနှုတ်ဆက်နေပုံ ၊ ဘေးတွင် ရပ်နေသူမှာ အာဖရိကန်ပြည်ထောင်စု အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဘီနက်တာ ဒီရပ်ပ် ဖြစ်သည်။ (ဓါတ်ပုံ - Amison Public Information)


WPS အပိုင်း၏ အရေးပါသော အချက်တစ်ခုမှာ မည်သည့် ပဋိပက္ခတွင်မဆို ကျား-မရေးရာ၏ အထင်ကရ ရှိမှု နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် အမျိုးသမီးများနှင့် မိန်းမငယ်များ ပါဝင်ရန် အရေးကြီးမှုကို အသိအမှတ်ပြုခြင်း ဖြစ်သည်။

အထူးအလေးပေး ရင်းမြစ်များ

အမျိုးသမီးများ ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဂျော့ချ်တောင်း အင်စတီကျု့ နှင့် အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျု့ တို့က အမျိုးသမီးများ ကျန်းမာပျော်ရွှင်စေရေးနှင့် နေအိမ်၊ လူမှုအသိုင်းအဝိုင်းနှင့် လူမှုအဖွဲ့အစည်းအဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့်ရစေရေးဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြု အချက်အလက်ရင်းမြစ်များကို ပြုစုထားသည့် WPS အက္ခရာစဥ် ကို ပြုစုခဲ့သည်။ ကြီးထွားလာနေသည့် သက်သေအထောက်အထားများအရ အမျိုးသမီးများသည် တန်းတူညီမျှ အခွင့်အရေးများ နှင့် အခွင့်အလမ်းများကို အသုံးပြုနိုင်သည့်အခါ နိုင်ငံများအနေဖြင့် ပိုမိုငြိမ်းချမ်း စည်ပင်ဝပြော၍ လူသားအားလုံး အကျိုးကျေးဇူးခံစားကြရသည်ကို တွေ့ရသည်။

ဤ မိတ်ဆက်ဗွီဒီယိုကို အချိန်ခဏပေး၍ ကြည့်ကာ နိုင်ငံများစွာ၏ ပြည်နယ်အဆင့် အချက်အလက်များပါဝင်သော WPS အက္ခရာစဥ်ကို လေ့လာကြည့်ပါ။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ