women-and-men-faces

ကျား-မရေးရာဆိုသည်မှာ အဘယ်နည်း ၊ ဤဝေါဟာရ အဓိပ္ပါယ်ကို မည်သို့ နားလည်ထားကြသနည်း (ဓါတ်ပုံ - Geralt, Pixabay)


ကတ်သလင်း ခီးနက်စ်က ကျား-မရေးရာ ၏ အဓိပ္ပါယ်ကို လူမှု-ယဥ်ကျေးမှု ရှုထောင့်မှ ရှင်းပြထားပြီး ယင်းကို အားလုံးပါဝင်မှုရှိသော ကျား-မရေးရာ မူဘောင်နှင့် သဘောတရားတွင် အသုံးပြုထားသည်။

ကျား-မရေးရာကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

အောက်တွင်ဖော်ပြထားသည့် ကားချပ်များတွင် ကျား/မရေးရာနှင့် ပတ်သက်သည့် အဓိက ဝေါဟာရများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဖော်ပြထားသဖြင့် ကျား/မရေးရာကို ရှုပ်ထွေးသိမ်မွေ့၍ ရှည်လျားသည့် ရောင်စဥ်မျဥ်းတစ်လျောက် ပိုမိုနားလည်စေရန် အထောက်အကူပြုပါသည်၊ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် လူမှုအသိုင်းအဝိုင်း၏ ကျား/မရေးရာအပေါ် နားလည်မှု ၊ လက်ခံသည့် ဝေါဟာရအသုံးအနှုန်းပေါ် မူတည်၍ ပြောင်းလဲနေကြောင်း သတိပြုသင့်သည်။  

ဝေါဟာရ

ငြိမ်းချမ်းရေးတည်ဆောက်ခြင်း -ယင်းသည် ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဦးတည်ဖြေရှင်းသည့် လုပ်ဆောင်ချက်များ အကောင်အထည်ခြင်းကို လည်းကောင်း၊ အကြမ်းဖက်မှုများ ဖြစ်ပေါ် ၊​ ပြန့်ပွားလာခြင်းနှင့် ထပ်ပြန်တလဲလဲ ဖြစ်ပေါ်ခြင်းတို့ကို တားဆီးနိုင်မည့် ကျယ်ပြန့်ခြုံငုံမိသော မဟာဗျူဟာတစ်ခုရေးဆွဲခြင်းကိုလည်းကောင်း ရည်ညွှန်းသည်။ ယင်းသည် လူအများအား အပြန်အလှန်ပြောဆိုဆက်ဆံလာကြစေရန် ၊ ပျက်ဆီးသွားသော ဆက်ဆံရေးများ ပြန်လည်ကုစားရန် ၊ အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းရန် တိုက်တွန်းအားပေသည့် လူမှု စံသတ်မှတ်ချက်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံများ ပြုပြင်ပြောင်းလဲရသော ကာလကြာရှည် ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းစဥ်ဖြစ်သည်။

ပဋိပက္ခ နှင့် အကြမ်းဖက် ပဋိပက္ခ -ပဋိပက္ခသည် နေ့စဥ်ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရှင်သန်ကြီးထွားနေသော ဗဟုဒီမိုကရေစီ စနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒီမိုကရက်တစ်လူ့ဘောင်တစ်ခု အောင်မြင်ခြင်းသည် ပဋိပက္ခကို ကိုင်တွယ်နိုင်စွမ်း၊ လူအများအကြား သဘောထား ကွဲပြားမှုများ နှင့် မကျေနပ်ချက်များကို ထုတ်ဖော်ပြသခြင်းကို ခွင့်ပြု၍ ဖြေရှင်းကိုင်တွယ်နိုင်စွမ်းရှိခြင်းဖြစ်သည်။ ပဋိပက္ခသည် အကြမ်းဖက်မှုအဖြစ် ကူးပြောင်းသွားပါက ပြဿနာဖြစ်လာသည်။ သို့သော် အကြမ်းဖက် ပဋိပက္ခကို ကြိုတင်ကာကွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ထင်မြင်ချက်များ ၊ ယုံကြည်ချက်များကို လေးစားမှုရှိရှိ ထုတ်ဖော်ပြသရန် ၊ အခြားသူများ၏ အတွေးအခေါ်များကို ဖွင့်ထားသောစိတ်ဖြင့် နားထောင်တတ်စေရန် ၊ ဂရုတစိုက် ၊ အာရုံစူးစိုက်မှုအပြည့်နှင့် နားထောင်ပေးရန် ၊ ပဋိပက္ခနှင့် ရင်ဆိုင်ရသည့်အခါ တာဝန်ယူစိတ်အပြည့်ဖြင့် တုန့်ပြန်တတ်စေရန် သင်ယူနိုင်ပါသည်။ တစ်ဦးချင်းအဆင့်ဖြစ်စေ ၊ လူမှုအသိုင်းအဝိုင်းအဆင့်ဖြစ်စေ သို့မဟုတ် အပြည်ပြည်ဆိုင်ရာအဆင့်ဖြစ်စေ ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်ရာအစုအဖွဲ့များက ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်မည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နည်းလမ်းများ အသုံးပြုကြသည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ