policewoman

ကျား/မရေးရာ စံသတ်မှတ်ချက်များအား ပဋိပက္ခက သက်ရောက်မှုရှိသကဲ့သို့ ကျား/မရေးရာ စံသတ်မှတ်ချက်များကလည်း ပဋိပက္ခအပေါ် သက်ရောက်သည်။ (ဓါတ်ပုံ - Luis Antonio Rojas, The New York Times)


ရီဘက္ကာ အီဗန်ဇာ-အေဗီရိုလာက ပဋိပက္ခနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် ကျား-မရေးရာ၏ ပါဝင်ပတ်သက်နေပုံကို ပြောပြထားသည်။

အကြမ်းဖက်ပဋိပက္ခ နှင့် ငြိမ်းချမ်းရေးရှိ ကျား-မရေးရာ

ပဋိပက္ခနှင့်ဆက်စပ်နေသော လိင်အကြမ်းဖက်မှုများကို ကာကွယ်တားဆီးရေး ဆိုင်ရာ Missing Peace Initiative ၏ လုပ်ငန်းများ

Missing Peace Initiative သည် ပဋိပက္ခ နှင့် ပဋိပက္ခအလွန် အခြေအနေများတွင် လိင်အကြမ်းဖက်မှု အရေးအတွက် လုပ်ဆောင်နေကြသော မူဝါဒရေးဆွဲသူများ ၊ လက်တွေ့ဆောင်ရွက်နေသူများ နှင့် တတ်သိပညာရှင်များ အတူတကွ ပူးပေါင်းထားခြင်းဖြစ်သည်။ အတူတကွပူးပေါင်း၍ ၎င်းတို့သည် အသိပညာနှင့် အစီရင်ခံမှုဆိုင်ရာ လစ်ဟာမှုများကို ဖော်ထုတ်၍ အဆိုပါ အကြမ်းဖက်မှုများကို ထိရောက်စွာ တုန့်ပြန်ကိုင်တွယ်ဆောင်ရွက်နိုင်မှုကို မည်သို့ မြှင့်တင်နိုင်ကြောင်း စူးစမ်းလေ့လာနေကြသည်။ အချိန်ခဏပေး၍ Missing Peace Initiative စီမံကိန်းစာမျက်နှာကို ဝင်ရောက်ကာ ပါဝင်သည့် တတ်သိပညာရှင်များ ရေးသားထားသော အမျိုးမျိုးသော အစီရင်ခံစာခေါင်းစဥ်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ