women-discussing

GIFT ဆိုသည်မှာ အဘယ်နည်း (ဓါတ်ပုံ - Danielle Robertson, U.S. Institute of Peace)


ဤသင်ခန်းစာတွင် ကျား/မရေးရာ အားလုံးပါဝင်မှုရှိသော မူဘောင်နှင့် သဘောတရား (GIFTT) နှင့် ယင်း၏ လေ့လာဆန်းစစ်နည်း သုံးသွယ်ဖြစ်သော - အမျိုးသမီး ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ၊ ငြိမ်းချမ်းသည့် ဖိုဆန်သောဝိသေသများ နှင့် ဝိသေသလက္ခဏာများ ဆက်နွယ်နေခြင်း တို့ကို မိတ်ဆက်တင်ပြထားသည်။ အဆိုပါ နည်းလမ်းသုံးသွယ်တို့က ကျား/မရေးရာ လေ့လာဆန်းစစ်ခြင်း နှင့် စီမံကိန်း ဒီဇိုင်းများကို မည်သို့ ပံ့ပိုးပေးနိုင်ကြောင်း ကျွန်ုပ်တို့ ဆွေးနွေးကြပါမည်။ အဆိုပါ နည်းလမ်းတစ်ခုစီအလိုက် မေးခွန်းဥပမာများနှင့် GIFT အသုံးပြုပုံကို သရုပ်ပြနိုင်ရန် ပဋိပက္ခအခြေအနေ ဥပမာများကို ကိုအသုံးပြုသွားပါမည်။

သင်ခန်းစာ ရည်ရွယ်ချက်များ

ဤသင်ခန်းစာအဆုံးတွင် သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်ပါလိမ့်မည် -

  • အားလုံးပါဝင်မှုရှိသော ကျား/မရေးရာ မူဘောင်နှင့် သဘောတရား (GIFT) ၏ အစိတ်အပိုင်းသုံးခုကို ဖော်ပြနိုင်ခြင်း
  • GIFT အစိတ်အပိုင်းတစ်ခုစီ၏ အသုံးဝင်ပုံတန်ဖိုးကို ဖော်ထုတ်နိုင်ခြင်း

သင်တန်းဆရာမှတ်စု

ဤသင်ခန်းစာတွင် GIFT အစိတ်အပိုင်းတစ်ခုစီအတွက် အောက်ပါတို့ကို ထည့်သွင်းထားသည် -

  • လေ့လာဆန်းစစ် စရာ မေးခွန်းများ - စီမံကိန်း ဒီဇိုင်းရေးဆွဲသူများနှင့် အကောင်အထည်ဖော်သူများအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၌ ကျား/မရေးရာ လေ့လာဆန်းစစ်ခြင်း နှင့် အားလုံးပါဝင်မှုရှိခြင်းကို ပိုမိုလေးနက်စေရန် သုံးသပ်နိုင်မည့် မေးခွန်းဥပမာများ
  • သဘောတရားမှသည် လက်တွေ့ဆောင်ရွက်မှုဆီသို့ - စီမံကိန်း ဒီဇိုင်းတွင် ကျား/မရေးရာ လေ့လာဆန်းစစ်ခြင်းအား ထည့်သွင်းခြင်းဖြင့် ထိရောက်အကျိုးရှိမှုကို ဖော်ကျူးသော လက်တွေ့ဘဝ ဥပမာများကို အကျဥ်းချုပ်တင်ပြခြင်း။
  • လက်တွေ့နယ်ပယ်မှ စကားသံများ - လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်နေသူများ၏ အတွေ့အကြုံများကို တင်ပြခြင်း။

နောက်စာမျက်နှာ  ယခင်စာမျက်နှာ