people-marching

ရဲတပ်ဖွဲ့ ၊ တရားရုံးများနှင့် လက်နက်ကိုင်အုပ်စုများတွင် အမျိုးသမီးများ သိသိသာသာ သြဇာလွှမ်းမိုးထားသည့် ဆီရီးယား နိုင်ငံ မြောက်ပိုင်း ကုန်ဘာနီ မြို့ဆင်ခြေဖုံးတွင် အမျိုးသမီးများ ချီတက်လာပုံ ။ (ဓါတ်ပုံ - Mauricio Lima, The New York Times)


အမျိုးသမီးများအား ပဋိပက္ခ ဖြေရှင်းရာတွင် ပါဝင်စေခြင်းသည် အဘယ့်ကြောင့် အရေးကြီးသနည်း။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုအားကောင်းစေရန် ကျွန်ုပ်တို့ မည်သို့အကောင်းဆုံး ပံ့ပိုးပေးနိုင်မည်နည်း။ အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့အစည်း ကွန်ယက် International Civil Society Network (ICAN) ၏ ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွင် အမျိုးသမီးများ အကြောင်း ရိုက်ကူးထားသည့် Better Peace Initiative ကို ကြည့်ပါ။

လက်တွေ့နယ်ပယ်မှ စကားသံများ - အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး

နိုဟာ အယ်လ်ကမ်ခါက သူမ၏ အတွေ့အကြုံများအရ ဆီးရီယားနိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ ဦးဆောင်သည့်အရပ်ဖက် အဖွဲ့အစည်းများ သြဇာကြီးထွားလာပုံကို မျှဝေထားသည်။

နိုဟာသည် Vital Voices ၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသတို့တွင် အလုပ်လုပ်နေကြသော လူ့အခွင့်အရေး အဖွဲ့၏ အကြီးတန်း ပရိုဂရမ်မန်နေဂျာဖြစ်ပါသည်။ ထိုမျှသာမက သူမသည် အုပ်ချုပ်ရေးဆိုင်ရာ အကြံပေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတိုင်ပင်ခံ နှင့် အဖွဲ့အစည်းအသီးသီးတို့၏ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု၊ လေ့လာဆန်းစစ် အစီရင်ခံခြင်း ဆိုင်ရာ သုတေသီ အဖြစ်လဲ လုပ်ဆောင်ပါသည်။ ၂၀၁၁ ခုနှစ်ကတည်းကပင် နိုဟာသည် ဆီးရီယား နိုင်ငံတွင်း ပဋိပက္ခအလွန် ပေါ်ထွန်းလာကြသော များပြားလှသည့် အရပ်ဖက် အဖွဲ့အစည်း အစပျိုးထူထောင်မှုများကို ပံ့ပိုးခဲ့သူ ၊ ပူးတွဲထူထောင်သူဖြစ်သည်။ ဆီးရီးယန်း အမေရိကန်တစ်ယောက်ဖြစ်သော နိုဟာသည် သူမ၏ အတွေ့အကြုံများကို အသုံးပြု၍ သူမ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းကိုသာမက အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသမှ အမျိုးသမီးများအား သူတို့၏ ဖြစ်ထွန်းနိုင်မှု အလားအလာကို သတိပြုမိကြ၍ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းတွင် စစ်မှန်သော တက်ကြွလှုပ်ရှားသူများ ဖြစ်လာစေရန် တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။ သူမသည် ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများ နှင့် အခြေခံလူတန်းစား များ၏ အစပျိုးလုပ်ဆောင်မှုများကို အားပေးကူညီခြင်းဖြင့် ငြိမ်းချမ်းရေး ရရှိစေမည့် နည်းလမ်းဖြစ်ကြောင်း တိုက်တွန်းအရေးဆိုနေသူလဲဖြစ်သည်။

အကြမ်းမဖက် လှုပ်ရှားမှုများမှ အမျိုးသမီးများ

GIFT ၏ WPS အပိုင်းသည် အကြမ်းမဖက် လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် ဦးဆောင်မှု အရေးကြီးကြောင်း မီးမောင်းထိုးပြနေသည်။ ဤ USIP အစီရင်ခံစာတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ဆောင်ရွက်သည့် ပြည်သူ့အာခံရေး လှုပ်ရှားမှုများက အပြောင်းအလဲကို ဖြစ်စေခဲ့သော ဖြစ်စဥ်များအကြောင်း ဖော်ပြထားသည်။ အဆိုပါ ပါဝင်ဆောင်ရွက်မှုနှင့် လှုပ်ရှားမှုများ၏ ရေရှည်တည်တံ့မှုသည် အမျိုးသမီးများအတွက် ထင်ရှားသိသာသည့် စိန်ခေါ်မှုများ မရှိပဲ ဖြစ်ခဲ့သည် မဟုတ်ပေ ဟု ငြိမ်းချမ်းရေးစာစဥ် “"Precarity and Power: Reflections on Women and Youth in Nonviolent Action." တွင် ဖော်ပြထားခဲ့သည်။ အောက်ပါ ဆွေးနွေးခြင်းအစီအစဥ်တွင် သင်အလုပ်လုပ်နေသော နိုင်ငံ (သို့မဟုတ် နိုင်ငံများ) မှ အကြမ်းမဖက် လှုပ်ရှားမှုများအကြောင်း ဥပမာများ ဝင်ရောက်ဆွေးနွေးပေးပါ။ အဆိုပါ လှုပ်ရှားမှုများတွင် အမျိုးသမီးများ ပါဝင်မှုအကြောင်း သိဘာတွေ သိရှိထားပါသနည်း။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ