man-standing

ကျားမရေးရာ အားလုံးပါဝင်ခြင်းနှင့်ပတ်သက်၍ သင်ဘာတွေ သိထားပြီးပြီလဲ၊ (ဓါတ်ပုံ - Ketut Subiyanto, Pexels)


မိမိကိုယ်ကို သတိပြုမိခြင်းနှင့် ပြန်လည်သုံးသပ်နိုင်ခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်မှုအောင်မြင်ရေးအတွက် အရေးကြီးပါသည်။ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းတွင် ဤသင်ခန်းစာတစ်လျှောက်လုံး ပြုလုပ်သွားမည့် ဆွေးနွေးမှုများ၌ လက်တွေ့ကျင့်သုံးခွင့် ရမည် ဖြစ်သော အခြားသူများအား နားထောင်လိုစိတ်ရှိခြင်း ပါဝင်သည်။ အခြား အရေးပါသည့် အချက်တစ်ခုမှာ မိမိ မည်မျှ သိသည်ကို သိခြင်း နှင့် မိမိ အသိပညာကို မည်သည့်နေရာများတွင် ထပ်မံဖြည့်တင်းရန်လိုအပ်သည် ကိုသိခြင်း ဖြစ်သည်။ ယခု အချိန်အနည်းငယ်မျှယူ၍ ကျားမရေးရာ အားလုံးပါဝင်သော ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပတ်သက်၍ မိမိ မည်မျှ သိရှိပြီး ဖြစ်သလဲ၊ မည်သည့်နေရာများတွင် လိုအပ်နေသေးသလဲ သို့မဟုတ် မည်သည်တို့ကို ထပ်မံသင်ယူလိုသလဲ ဆိုသည်ကို ပြန်လည်သုံးသပ်စေချင်ပါသည်။ အောက်ပါ “ပြင်ပရင်းမြစ်” ကိုနှိပ်၍ သင်ခန်းစာအကြို မိမိကိုယ်ကိုဆန်းစစ်ခြင်း မေးခွန်းကို ရယူပါ။

ပြင်ပရင်းမြစ်

ပြန်လှန်သုံးသပ်ခြင်း

လတ်တလော သို့မဟုတ် အနာဂါတ်တွင် ကျားမရေးရာ အားလုံးပါဝင်မှုသည် သင့်လုပ်ငန်းနှင့် မည်သို့ဆက်စပ်သနည်း ။ သင်၏ ကျားမရေးရာ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အပေါ် စိတ်ပါဝင်စားသကဲ့သို့ သင်နှင့်အတူ အလုပ်လုပ်နေသူများက စိတ်ဝင်စားပါသလား။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ