armed-man

ကျား/မရေးရာသည် ပဋိပက္ခအပေါ် မည်သို့ အကျိုးသက်ရောက်သနည်း ၊ ပဋိပက္ခက ကျား/မရေးရာအပေါ် မည်သို့ အကျိုးသက်ရောက်သနည်း၊ (ဓါတ်ပုံ - Finbarr O'Reilly, The New York Times)


ဤသင်ခန်းစာတွင် သင်သည် ယောင်္ကျားက ယောင်္ကျားလို နေ / မိန်းမက မိန်းမလို နေ လေ့ကျင့်ခန်း၏ နောက်ဆုံးအပိုင်းကို အပြီးသတ်ရပါမည်ဖြစ်ပြီး သင့်ရှေ့၌ ဖော်ထုတ်ခဲ့သော ပဋိပက္ခက ကျား/မရေးရာ စံသတ်မှတ်ချက်များ နှင့် မျှော်လင့်ချက်များ ကို အပြန်အလှန်အားဖြင့် ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို စဥ်းစားကြရပါမည်။ ရှေ့သင်ခန်းစာများတွင် သင်ယူခဲ့သည့်အတိုင်း ပဋိပက္ခသည် လိင်စိတ်ခံယူမှု မတူညီသည့် လူများအတွက် ထိခိုက်နစ်နာနိုင်ခြေများ မြင့်တက်လာစေသည်။ လူမှု စံနှုန်းများနှင့် မျှော်လင့်ချက်များ ပြတ်တောက်သွားနိုင်ခြေရှိသကဲ့သို့ ပိုမို မျှတသော ကျား/မရေးရာ ဆက်နွယ်မှုများ ပေါ်ထွန်းလာနိုင်သည်။ ဤလေ့ကျင့်ခန်းတွင် အဆိုပါ ဖြစ်နိုင်ခြေများနှင့် တကွ အကြမ်းဖက် ပဋိပက္ခ၏ ဆိုးကျိုးသက်ရောက်မှုများကိုလည်း ထည့်သွင်းစဥ်းစားရန် ကြိုးစားပါ။

နောက်ဆုံးအနေဖြင့် ဤသင်ခန်းစာအစတွင် သင်စတင်ခဲ့သော ဇယားကွက်ကို ပြန်ကြည့်ရအောင်။ သင့်အနီးအနားတွင် မရှိပါက အသစ်တစ်ခု ပြန်ရေးခြင်း သို့မဟုတ် အောက်ပါ စာရွက်ကို ပရင့်ထုတ်ခြင်း ပြုလုပ်နိုင်ပါသည်။ ဤအပိုင်းတွင် နောက်ဆုံး(တတိယ) ဇယားကွက် ကို ကြည့်ပါမည်။

ယောင်္ကျားက ယောင်္ကျားလိုနေ / မိန်းမက မိန်းမလိုနေ လေ့ကျင့်ခန်း - အပိုင်း - (၃)

အဓိက မှတ်စု

အားလုံးပါဝင်သည့် ရေရှည်တည်တံခိုင်မြဲသော ငြိမ်းချမ်းရေး ရလဒ်များ တိုးပွားစေရန် ကျား/မရေးရာ အခန်းကဏ္ဍများနှင့် စံနှုန်းများသည် ပဋိပက္ခ မတိုင်ခင် ၊ ဖြစ်ပွားနေဆဲ ကာလအတောအတွင်းနှင့် အလွန်ကာလများတွင် မည်သို့မည်ပုံ မပြောင်းမလဲ ဆက်ရှိနေသည် သို့မဟုတ် ပြောင်းလဲသွားသည်ကို နားလည်ရန် အရေးကြီးသည်။

သင်တန်းဆရာမှတ်စု

ကျွန်ုပ်တို့သည် မိမိတို့၏ ထင်မြင်ယူဆချက်များနှင့် ကျား/မရေးရာ ဘက်လိုက်မှုများကို အမြဲတစေ သတိပြုမိကြသည် မဟုတ်ပေ။ သို့သော် ယင်းတို့က စီမံကိန်းများကို ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ အပါအဝင် ကျွန်ုပ်တို့၏ အတွေးများ ၊ လုပ်ဆောင်မှုများ ကို မလွဲမရှောင်သာ ပုံဖော်နေကြသည်။ ရှိနှင့်ပြီးသား ထင်မြင်ယူဆချက်များဖြင့် လုပ်ဆောင်နေသည်ထက် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းသည် တရားမျှတမှုနှင့် အားလုံးပါဝင်မှုတို့ကို မြှင့်တင်ရာ၌ အရေးပါသည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ