woman-with-man-and-woman-masks

USIP မှ အကြီးတန်း ပရိုဂရမ်အရာရှိတစ်ဦးဖြစ်သည့် အီလီနာ လန်ကတ်စတာက GIFT ၏ အလွှာစုံဆက်နွယ်နေသော ဝိသေသလက္ခဏာများ အပိုင်းကို ဆွေးနွေးထားပါသည်။

အလွှာစုံဆက်နွယ်နေသော ဝိသေသလက္ခဏာများ- အသွင်ကူးပြောင်းရေး ချဉ်းကပ်နည်းလမ်းတစ်ခု

လေ့လာဆန်းစစ်ရမည့် မေးခွန်းများ

အလွှာစုံ ဆက်နွယ်နေသည့် ဝိသေသလက္ခဏာများဆိုင်ရာ လေ့လာဆန်းစစ်ရမည့် မေးခွန်းများကို အောက်တွင် ဖော်ပြထားသည့် ပါဝါပွိုင့် စာချပ်များနှင့် pdf ဖိုင်တို့တွင် ကြည့်ရှုနိုင်ပါသည်။ အဆိုပါ မေးခွန်းများနှင့် အခြားသော ဆင်တူ မေးခွန်းများသည် ပဋိပက္ခ ဒေသ သို့မဟုတ် ထိလွယ်ရှလွယ်အခြေအနေတွင် စီမံကိန်းများ ရေးဆွဲရာ၌ မညီမျှသည့် ပါဝါဖွဲ့စည်းထားမှုပုံစံများသည် အဆိုပါ အခင်းအကျင်းတွင် တည်ရှိနေကြသော လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အုပ်စုများအကြား မတူကွဲပြားသည့် အခက်အခဲအတားအဆီးများနှင့် ဖြစ်နိုင်ခြေများအား ဖြေရှင်းနိုင်ရန် အချင်းချင်း မည်သို့ ဆက်ဆံကြသည် ကို လေ့လာ၍ စီမံကိန်းက တန်းတူညီမျှမှု ၊ အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ဖော်ထုတ်နိုင်ရန် အကူအညီပေးသည်။

သင်တန်းနည်းပြ မှတ်စု

ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခင်းအကျင်းတွင် GIFT ၏ ဖြစ်တည်မှု ဝိသေသလက္ခဏာများ အပြန်အလှန်ဆက်နွယ်နေမှု အပိုင်းက မညီမျှမှု ပုံစံအမျိုးမျိုးသည် အတူတကွ လုပ်ဆောင်နေကြသည်ကို နားလည်မှုအပေါ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းက ကျား-မ ရေးရာ ပုံစံတစ်မျိုးမျိုးမှ လူများအနေဖြင့် ဥပမာ အမျိုးသမီးများသည် တစ်မျိုးတစ်စားတည်းသော အုပ်စုဖြစ်သည် ဟူသော အယူအဆ သို့မဟုတ် ကျား-မရေးရာသည် ၎င်းတို့၏ ရှောင်လွှဲမရနိုင်လောက်သည့် သတိပြုမိစရာ ဖြစ်တည်မှုလား ဆိုသည့် အယူအဆကို မေးခွန်းထုတ်သည်။ ယင်းမှတဆင့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို တည်ဆောက်ရာ၌ မတူကွဲပြားသည့် ဖြစ်တည်မှု ဝိသေသလက္ခဏာများ အပြန်အလှန် ကူးလူးဆက်နွယ်ခြင်းဖြင့် သိသာထင်ရှားသည့် အတွေ့အကြုံများ နှင့် အရေးပါသည့် အမြင်များ ပေါ်ထွက်လာသည်ကို အသိအမှတ်ပြုရန် ခေါ်ဆောင်သွားပါသည်။

ဌာနေလူမျိုးစုဝင် အမျိုးသမီးများနှင့် သဘာဝသယံဇာတနှင့်ဆက်စပ်နေသော ပဋိပက္ခ - အလွှာစုံ ကူးလူးဆက်နွယ်နေသော ခွဲခြားဆက်ဆံမှု အား ကျော်ဖြတ်ခြင်း

ဤအခန်းတွင် အီလီနာ လန်ကတ်စတာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခအခြေအနေ၌ ဌာနေလူမျိုးစု ဝိသေသလက္ခဏာနှင့် အလွှာစုံဆက်နွယ်မှုတို့အကြောင်း ဆွေးနွေးသွားပါမည်။ ဤ ကုလသမဂ္ဂ အနှစ်ချုပ်စာတမ်း တွင် အဆိုပါ အလွှာစုံဆက်နွယ်နေသည့် ဝိသေသလက္ခဏာများကို ထည့်သွင်းစဥ်းစားခြင်းသည် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဥ်အတွက် ထိခိုက်နိုင်ခြေ နှင့် အခွင့်အလမ်းနှစ်မျိုးလုံးအတွက် အရေးကြီးကြောင်း အထူးတလည်ရည်ညွှန်းထားသည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ