women-in-workshop

သင်တန်းဆရာမှတ်စု

ကျား/မရေးရာ အခန်းကဏ္ဍများနှင့် စံနှုန်းများသည် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခကာလအတွင်း မည်သို့ ပြောင်းလဲသွားသည် သို့မဟုတ် မည်သို့ ဆက်လက်တည်ရှိသည်ကို ပိုမိုနားလည်နိုင်စေရန် ကျား/မရေးရာ ဆန်းစစ်အကဲဖြတ်ခြင်းသည် အရေးပါသည့် နည်းလမ်းတစ်ခုဖြစ်သည် (ဓါတ်ပုံ - Bill Fitz-Patrick, USIP)


အဘယ်ကြောင့် ကျား/မရေးရာ ဆန်းစစ်အကဲဖြတ်ခြင်း လိုအပ်သနည်း

ပဋိပက္ခ နှင့် လုံခြုံရေး တို့နဲ့ ပတ်သတ်ပြီး စိတ်ဖြာလေ့လာချက်အများစုဟာ အမျိုးသားစစ်သည် ဒါမှမဟုတ်  အခြားသော အမျိုးသားကိုယ်စားလှယ် တစ်ယောက်ရဲ့ ရှုမြင်ပုံက ဖြစ်တာကြောင့် ကျနော်တို့အတွက် အချို့သော အရေးတကြီး အချက်များ လစ်ဟာကျန်ခဲ့ပါတယ် ။ ကျား-မဆိုင်ရာ ဒိုင်နမစ်များကို ထည့်သွင်းစဥ်းစားဖို့ ပျက်ကွက်ခြင်းဟာ ထိရှလွယ်သော အခြေအနေများမှာ ပဋိပက္ခ စိစစ်လေ့လာခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း စီမံကိန်းများ ရေးဆွဲရာမှာ ထိရောက်မှုကို အကန့်အသတ် ဖြစ်စေပါတယ် ။ ဥပမာ ကျား-မရေးရာသည် လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့  လှုပ်ရှားသွားလာခြင်း ၊ လုပ်ပိုင်ခွင့် နှင့် အရင်းအမြစ်များ ရယူသုံးစွဲနိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်နိုင်တယ်။ ကျား-မ တန်းတူညီမျှမှုမရှိမှုများ နှင့် အာဏာမညီမျှများဟာ ဆိုးရွားသော ဆင်းရဲနွမ်းပါးမှု၊ အစားအစာ မလုံလောက်မှု နှင့် ကျန်းမာရေး ချို့တဲ့မှု တို့ကို ဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းခံများ ဖြစ်နိုင်ပါတယ်။ယင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုးပွားလာစေနိုင်တယ်၊ ညံ့ဖျင်းသော အုပ်ချုပ်မှု နှင့်  အကြမ်းဖက်ပဋိပက္ခ ကိုလည်းပဲ ဖြစ်ပွားစေနိုင်ပါတယ်။ အကယ်၍ ကျား-မရေးရာက လွှမ်းမိုးစေ့ဆော်သော အားတစ်ခုဖြစ်မယ်ဆိုရင် ၎င်းကို စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဥ်မှ ဖယ်ချန်ထားခြင်းဟာ ပဋိပက္ခကို  လုံးလုံးလျားလျား သို့မဟုတ် လုံလုံလောက်လောက် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သလို ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းများမှာလည်း အားလုံးပါဝင်နိုင်ခြင်း မရှိ ဒါမှမဟုတ် ထိရောက်မှု မရှိဖြစ်စေပါတယ် ။

သို့သော်လည်း ကြားဝင်ဖျန်ဖြေမှုများနှင့် စီမံကိန်းရေးဆွဲခြင်းတို့မှာ ငြိမ်းချမ်းရေး၊ ပဋိပက္ခတို့နဲ့ ဆက်စပ်သော အခြေအနေအရ ကျား-မဆိုင်ရာ ဆန်းစစ် အကဲဖြတ်ခြင်း ပါဝင်မှုက ဖြစ်တောင့်ဖြစ်ခဲပါ ။ မကြာခဏဆိုသလို စီမံကိန်းတစ်ခုမှာ စနစ်တကျ ကျား/မရေးရာ စိစစ်အကဲဖြတ်ခြင်း ဆိုတာထက် အခြေခံ ထင်မြင်ယူဆချက်များကိုသာ ထည့်သွင်းကျလေ့ရှိပါတယ် ။ ဒါက ဘက်လိုက်မှုများ နှင့် အမျိုးသမီးများကို ပဋိပက္ခမှာ ခံရသူများအဖြစ် ၊ အမျိုးသားများကို အကြမ်းဖက်မှု ကျုးလွန်သူများအဖြစ် မြင်တဲ့ ကျဥ်းမြောင်းတဲ့ အယူအဆကို ဆက်လက်ကိုင်စွဲစေလေ့ရှိတယ်။

ကျား-မရေးရာ စိစစ်အကဲဖြတ်ချက်မှာ အဓိက အချက်က ပေးထားသော အခြေအနေတစ်ခုမှာ မညီမျှသော ပါဝါဆက်နွယ်မှု ဘယ်လိုဖြစ်ပွားစေသလဲ၊ ဘယ်လို ဆက်လက်ပြန့်ပွားပြီး မညီမျှမှုနှင့် ပဋိပက္ခ ဖြစ်နိုင်ချေကို ဦးတည်စေသလဲဆိုတာ ကို စူးစမ်းလေ့လာခြင်းဖြစ်ပါတယ်။ သေသေချာချာ လုပ်မယ်ဆိုရင် ကျား-မရေးရာ ဆန်းစစ်လေ့လာမှုက  ပါဝါကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ကိုင်စွဲထားခြင်း မရှိသူများကို  ဘယ်လိုချန်လှပ်ထားသလဲ၊ အားလုံးပါဝင်မှု အားကောင်းအောင် ဘယ်အကြောင်းရင်းခံများက ပံ့ပိုးပေးသလဲဆိုတာ ဖော်ထုတ်ပြသပါတယ်။ ဒါက ကျား-မရေးရာစံနှုန်းများက အကြမ်းဖက်မှုကို ဘယ်လိုတွန်းအားပေးနေနိုင်သလဲ ဆိုတာ ပြပေးနိုင်တယ် ဥပမာ စစ်တပ်ပုံစံသွင်းတဲ့ အယူအဆသက်ဝင်သော ဖိုသဘာဝဆန်မှုမျိုးပေါ့ ဒါက ကျား/မရေးရာ သာမက ကျယ်ပြန့်သော ပါဝါ သုံးသပ်ခြင်း အတွက် တခါးဖွင့်ပေးပါတယ် ကောင်းမွန်သော ကျား-မရေးရာ စိစစ်လေ့လာချက်က  ကျား-မရေးရာ ဟာ တိုင်းရင်းသား၊ လူမျိုးစု ၊ အဆင့်အတန်းနှင့် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေကနေ အခြေပြုလာတဲ့ မညီမျှမှု ကဲ့သို့သော အခြားသော ဖွဲ့စည်းပုံများနှင့် ပေါင်းဆုံတာကို အသိအမှတ်ပြုပါတယ်။

ဒီနည်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းစီမံကိန်းများ ရေးဆွဲနေစဥ်အတောအတွင်း ကျား/မရေးရာ လေ့လာဆန်းစစ်မှုသည် စီမံကိန်း၏ရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင်များက မည်သို့ပင်ဖြစ်စေကာမူ ကြားဝင်လုပ်ဆောင်နိုင်မည့် နေရာများ ၊ ပဋိပက္ခ ဖြစ်စေသည့် တွန်းအားများ၊ ထိခိုက်နစ်နာနိုင်ခြေများ ကို ရှင်းပေးနိုင်ပါတယ်။ ဒါဟာ လူမှုရေး စံသတ်မှတ်ချက်များ၊ အချို့သော ကျား/မရေးရာ ဖြစ်တည်မှု ကိုလက်ခံကျင်သုံးသူများအတွက် ထိခိုက်စေနိုင်သော စံသတ်မှတ်ချက်များကို အားပေးထောက်ခံတဲ့ မူဝါဒများ နှင့် ပရိုဂရမ်များအတွက် အထူးသဖြင့်မှန်ပါတယ်။ ကျား-မရေးရာကို စီမံကိန်းဒီဇိုင်းအတွင်းသို့ ပေါင်းစပ်ခြင်းကဲ့သို့ ရေဆန်ချဥ်းကပ်မှုသည်  စောင့်ကြည့်အကဲဖြတ်ခြင်း အတွက်လဲ အသုံးဝင်တယ်။  

ဒီဇိုင်း ရေးဆွဲသည့်အဆင့်မှာ ကျား/မရေးရာ ဆန်းစစ် သုံးသပ်မှုပြုခြင်းဖြင့် ပရော့ဂျက် မန်နေဂျာများဟာ ပဋိပက္ခရဲ့ ကျား-မရေးရာ အကျိုးဆက်များကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် စီမံကိန်းများဟာ သက်ဆိုင်ရာ အခင်းအကျင်းက လူမှုရေး အခြေအနေများနဲ့ လိုက်လျောညီထွေဖြစ်နေတဲ့အတွက် အကောင်အထည်ဖော်နေစဥ်အတွင်း လူမှုအသိုင်းအဝိုင်းဆိုင်ရာ ၊ အဖွဲ့အစည်းဆိုင်ရာ ထိခိုက်မှုများ ပေါ်ပေါက်လာခဲ့ရင်လဲ ပိုခံနိုင်ရည်ရှိစေပါတယ်။ 

အဓိက အယူအဆ

ပါဝင်မှုနှင့် လုပ်ငန်းစဥ်က အရေးပါသည်။ ကျား/မရေးရာ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဥ်တွင် မတူကွဲပြားသည့်လူများကို မည်သို့ပါဝင်စေခြင်းနှင့် ၎င်းတို့၏ အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းပါဝင်မှုကို သေချာစေခြင်းတို့ကို ဒီဇိုင်း ၊ အကောင်အထည်ဖော်ခြင်း နှင့် ဆက်လက် ကြည့်ရှုခြင်း တို့တွင် ထည့်သွင်းခြင်းသည် လေ့လာဆန်းစစ်မှု၏ အသုံးဝင်မှုနှင့် ရလာဒ်တို့အပေါ် ကြီးစွာ သက်ရောက်မှုရှိသည်။ လေ့လာဆန်းစစ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းအသုံးပြုခြင်းဖြင့် အကြမ်းဖက် ပဋိပက္ခနှင့် နိုင်ငံ ထိရှလွယ်သော အခြေအနေတို့ကြောင့် တိုက်ရိုက်ထိခိုက်နစ်နာခဲ့ရသော လူအမျိုးမျိုး၏ သက်ဆိုင်ရာ အတွင်းကျကျ အတွေ့အကြုံများ ၊ လိုအပ်ချက်များ ၊ အမြင်များ နှင့်အတွေးအခေါ်များကို ရရှိနိုင်သည်။ ယင်းက ပိုမို လေးနက် အသေးစိတ်သော လေ့လာသုံးသပ်မှုများ နှင့် ရေရှည်တည်တံ့သော တုန့်ပြန်ဆောင်ရွက်မှုများကို ဖြစ်စေနိုင်ပါသည်။ သို့သော် မတူကွဲပြားသော အုပ်စုများ၏ ပွင့်လင်းသော ထုတ်ဖော်ပြောဆိုမှုနှင့် အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းပါဝင်မှု ရှိစေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် သေချာစွာ ဒီဇိုင်းထုတ်ရန်လိုအပ်သည်။ တစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ကျား/မရေးရာနှင့် အခြားသော ဘက်လိုက်မှုများ ၊ စံနှုန်းများသည် စီမံကိန်း အဆင့်တိုင်း၏ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဥ် ကိုလွှမ်းမိုးနိုင်သောကြောင့် ပြန်လည်သုံးသပ်ရန် အရေးကြီးသည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ