အမျိုးသမီး ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး

GIFT ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အပိုင်းသည်  ပဋိပက္ခနှင့်စစ်ပွဲများက အမျိုးသမီးတွေအပေါ် ဘယ်လို သီးခြားသက်ရောက်မှု ရှိနေနိုင်တယ် ဆိုတာ သိမြင်ဆောင်ရွက်နိုင်ဖို့ ၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခွင့်နဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့ အဖွဲ့အစည်းအဆင့် မှန်ဘီလူးတစ်ခု ယူလာပေးတယ်၊  ဒါက လူမှုဖွဲ့စည်းတည်ဆောက်ပုံ နှင့် စနစ်များ အတွင်းမှာ အမျိုးသမီးများ၊ အမျိုးသားများနှင့် လိင်စိတ်ခံယူမှု ကွဲပြားခြားနားသော လူနည်းစုများကို ဘယ်လိုနေရာချထားကြတယ်ဆိုတာကို ဖော်ထုတ်ပြီး ပါဝါမညီမျှမှုကို မီးမောင်းထိုးပြပါတယ် ဒါက အားလုံးပါဝင်မှု ၊ တန်းတူညီမျှမှုကို အားပေးတဲ့ အင်စတီကျူးရှင်းနဲ့ လုပ်ငန်းစဥ်တွေ အဆင့်အားလုံးမှာ မဖန်တီးနိုင်ရင် အကြမ်းဖက်ပဋိပက္ခကို တားဆီးတာ ၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်တာတွေကို လုပ်နိုင်မှာမဟုတ်ဘူး ဆိုတာ အသိအမှတ်ပြုတယ် ရေရှည်တည်တံ့ခိုင်မြဲတဲ့ တည်ငြိမ်မှုရရှိဖို့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကဏ္ဍအားလုံးမှာ အမျိုးသမီးတွေ ပါဝင်မှုက ရေးကြီးကြောင်း အသိအမှတ်ပြုသူ အရေအတွက် အဆက်မပြတ်  တိုးပွားလာနေပါတယ် ဒီအသိအမှတ်ပြုမှုဟာ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်အနေနဲ့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် သင်သိတဲ့အတိုင်း ဒီလုပ်ငန်းစဉ်ဟာ  ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ကို အတည်ပြုပြီးနောက် ချမှတ်ခဲ့တာပါ UNCSR အမှတ် (၁၃၂၅) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တွေ့ရှိရတဲ့ အထောက်အထားများအရ အမျိုးသမီးတွေ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့အခါမှာ  သူတို့ဟာ အာဏာရရှိရေးအတွက် အာရုံစိုက်မှု နည်းကြပါတယ်  သူတို့က တာရှည်ခံတဲ့ ငြိမ်းချမ်းရေးရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနဲ့  အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု တို့ကို ပိုမိုအလေးထား ကြတယ်။ 

တကယ်တော့ ငြိမ်းချမ်းရေး သဘောတူညီချက် (၁၅၆) ခု အပေါ် လေ့လာမှုတစ်ခုမှာ   အမျိုးသမီးများ ပါဝင်ကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ  ရရှိတဲ့  သဘောတူညီချက်တွေဟာ အနည်းဆုံး (၁၅) နှစ်အထိ ကြာရှည်နိုင်မှု ရာခိုင်နှုန်းအားဖြင့်  (၃၅) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အာရုံစူးစိုက်ဖို့ လုပ်ဆောင်ကြရင်း အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစိတ်အပိုင်း ဟာ အဖွဲ့အစည်းဆိုင်ရာ ရှုထောင့်ကနေ ကျား-မရေးရာ တန်းတူညီမျှရေးကို  တိုးတက်လာစေဖို့အတွက်  ပိုမိုကျယ်ပြန့်တဲ့ အရေးပါတဲ့အခွင့်အလမ်းတွေ ပေးနိုင်ပါတယ်။ အဲဒါက လက်တွေ့အသုံးချနိုင်တဲ့ ကျားမရေးရာ လေ့လာဆန်းစစ်မှုနဲ့ စီမံကိန်းရေးဆွဲရာမှာ အစိုးရတွေအတွက်  တစ်ကမ္ဘာလုံးဆိုင်ရာ မူဘောင်တစ်ခုကို မိတ်ဆက်ပေးပါတယ်။ အမျိုးသမီး ငြိမ်းချမ်းရေးတည်ဆောက်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့   လှုပ်ရှားမှုတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး မူဝါဒချမှတ်သူတွေနဲ့  အရပ်ဘက် အဖွဲ့အစည်းတွေ အပြန်အလှန် ထိတွေ့ဆက်ဆံမှုအတွက် သတ်သတ်မှတ်မှတ်အခန်းကဏ္ဍကို ဖြစ်စေပါတယ်။ 

ပူးတွဲပါ ဆုံးဖြတ်ချက်တွေ၊  အမျိုးသားအဆင့်လုပ်ငန်းစီမံချက်တွေနဲ့ မဟာဗျူဟာတွေကတဆင့် WPS ဟာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ကျား-မရေးရာ တန်းတူညီမျှရေးဆိုင်ရာ  အသိပညာပေးမှုစတင်နိုင်ရန်အတွက် တူညီတဲ့ ဘာသာစကားနဲ့  ဝေါဟာရတွေကို ပံ့ပိုးပေးပါတယ်။ ကျား၊မရေးရာကို လူမှုရေး-ယဉ်ကျေးမှုတည်ဆောက်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသိအမှတ်ပြုမှုရရှိစေဖို့ ဆိုရင် ဒီလို လေ့လာဆန်းစစ်မှုကို  အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကနေ ကျော်လွန် ရောက်ရှိနိုင်ဖို့ တကယ့်ကို နောက်ထပ် လုပ်ဆောင်ရမှာတွေ ရှိနေပါတယ်...  ဒါပေမယ့် WPSဟာ ဘာပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ကျားမရေးရာ အားလုံးပါဝင်မှုရှိပြီး ထိရောက်မှုရှိစေဖို့အတွက် အရေးကြီးသော အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ် 

သင်တန်းဆရာမှတ်စု

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အမျိုးသမီးများ ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် - ၁၃၂၅ ကို အောက်တိုဘာလ ၃၁ ရက်၊ ၂၀၀၀ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ဤသမိုင်းတွင်သည့် ဆုံးဖြတ်ချက်သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ ပါဝင်ရေးကို ပထမဦးဆုံး စတင်ကိုင်တွယ်လိုက်ခြင်းဖြစ်ပြီး အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) အစီအစဥ်ကို မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်။ ယင်းက ပဋိပက္ခများ တားဆီးကာကွယ်ရေး၊ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးခြင်းများ ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ပဋိပက္ခလွန်ကာလ ပြန်လည်တည်ဆောက်ရေးများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအရေးကြီးပုံကို ထပ်လောင်း အတည်ပြုခဲ့သည်။ UNSCR ဆုံးဖြတ်ချက်အမှတ် - ၁၃၂၅ ၏ ဒေါက်တိုင်လေးခုမှာ ပါဝင်ဆောင်ရွက်ခြင်း ၊ ကာကွယ်တားဆီးခြင်း ၊ သက်သာချောင်ချရေးနှင့် ပြန်လည်ထူထောင်ရေးတို့ဖြစ်ကြသည်။

UNSR ၁၃၂၅ သည် ထပ်မံချမှတ်လိုက်သော ဆုံးဖြတ်ချက်များ၏ ပထမဆုံးဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ခုချင်းစီက အမျိုးသမီးများနှင့် မိန်းကလေးများအား ပဋိပက္ခအတွင်း အကာအကွယ်ပေးရေးနှင့် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဥ်များတွင် ၎င်းတို့ပါဝင်ရေးဆိုင်ရာ သီးခြား ကိစ္စရပ်များကို ရည်ညွှန်းသည်။ ယင်းက UNSCR ၁၃၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့် လုပ်ငန်းစဥ် စီမံချက်များ (National Actional Plans (NAPs)) ရေးဆွဲခြင်းကို တိုက်တွန်းသည့်အတွက် ယခုအခါ နိုင်ငံပေါင်း ၉၈ နိုင်ငံကနိုင်ငံတော်အဆင့် စီမံချက်များ ရေးဆွဲပြီး ဖြစ်ကြသည်။ အဆိုပါ NAPs များသည် နိုင်ငံတော်အဆင့် မဟာဗျူဟာ စာတမ်းများ ဖြစ်ကြပြီး အစိုးရများ၏ WPS ဆိုင်ရာ ချဥ်းကပ်နည်းလမ်းများ နှင့် လုပ်ငန်းစဥ်ဆောင်ရွက်ချက်များကို ဒေသအလိုက် ကိုက်ညီစေရန် ရေးဆွဲ ထားခြင်းဖြစ်သည်။

ပြန်လည်သုံးသပ်ခြင်း

GIFT ၏ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပိုင်းသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့် ဆက်စပ်သော အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဥ်များမှ အမျိုးသမီးများ၊ မိန်းမငယ်များနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူ လူနည်းစုများအား မည်သို့ ဘေးဖယ်ထားသည်ကို ရှေ့တန်းတင်ထားသည်။ ထို့ပြင် ပဋိပက္ခ နှင့် ငြိမ်းချမ်းရေးတို့၌ ကျား-မရေးရာ အခန်းကဏ္ဍ ကိုအသိအမှတ်ပြုရန် နှင့် ပိုမိုကျယ်ပြန့်သော အားလုံးပါဝင်နိုင်မှုအတွက် လုပ်ထုံးလုပ်နည်းများ ဖန်တီးနိုင်ရန် ရှာဖွေသည်။

သင်ယခု ပြုလုပ်နေသည့် အရေးကိစ္စကို အချိန် ခဏယူ၍ ပြန်လည်သုံးသပ်ပါ။ သင်ရောက်ရှိနေသည့် အခင်းအကျင်းတွင် မည်သူတို့၏ အသံများသည် အလွှမ်းမိုးဆုံးဖြစ်နေသနည်း။ မည်သူတို့၏ အသံများကို ဘေးဖယ်ထားသနည်း။ ကျား-မရေးရာ လွှမ်းမိုးမှုရှိသော မည်သူတို့၏ အသံများကို လူအများ ကြားကြသနည်း ၊ မည်သို့နည်း။

ယခု သင့်ကိုယ်တွေ့အတွေ့အကြုံကို ပြန်လည်သုံးသပ်ပါ။ သင့်အပေါ် တနည်းနည်းဖြင့် သက်ရောက်မှုရှိသော ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဥ်မှ သင့်ကို ဖယ်ကျဥ်ခြင်း သို့မဟုတ် တခြားသူများကို ဖယ်ကျဥ်ခြင်းကို မျက်မြင်တွေ့ကြုံဖူးပါသလား။ သင့်အဖွဲ့အစည်းတွင် ချိတ်ဆက် ရယူနိုင်မှု သို့မဟုတ် ထုတ်ဖော်ပြောဆိုမှုတို့တွင် အခြားသူများနှင့် နှိုင်းယှဥ်ပါက အသာစီးရသည့် အခြေအနေတစ်ခု ကြုံတွေ့ဖူးပါသလား။ အင်စတီကျူးရှင်းဆိုင်ရာ လုပ်ငန်းစဥ်များတွင် ပိုမို၍ အားလုံးပါဝင်နိုင်အောင် အကူအညီပေးသည့် လုပ်ထုံးလုပ်နည်းများ ရှိပါသလား။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ