အကြမ်းမဖက်လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ပေါင်းစပ်ခြင်း- မာတိကာ
သပိတ်မှောက်မလား သို့မဟုတ် ညှိနှိုင်းဆွေနွေးမလား? ဖိအားပေးမလားသို့မဟုတ် စေ့စပ်ဆွေးနွေးမလား? တရားမျှတပြီး ရေရှည်တည်တံ့နိုင်သော ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် မည်သည့်ချဉ်းကပ်မှုများကို မည်သို့သော အစီအစဉ်အလိုက် ပြုလုပ်ခြင်းက အကျိုးသက်ရောက်မှုအရှိဆုံးလဲ?
၁၉၇၁ ခုနှစ်တွင် အမျိုးသမီးဝါဒီ အကြမ်းမဖက် တက်ကြွလှုပ်ရှားသူ Barbara Deming က တက်ကြွလှုပ်ရှားသူများသည် “အကြမ်းမဖက်မှု လက်နှစ်ဖက် “ - မတရားမှုများ ရပ် ဟူသည့် သင်္ကေတ ဖြစ်သော လက်ဝါးကာသည့် လက်တစ်ဖက် နှင့် လက်ဆွဲနှုတ်ဆက်ရန် ကမ်းပေးသော လက်တစ်ဖက် လိုအပ်သည်ဟူ၍ တော်လှန်ရေးနှင့် ဟန်ချက်ညီမှု အကြောင်း ရေးသားခဲ့သည်။ တရားမျှတသော၊ အားလုံးပါဝင်သော နှင့် ငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင်များ တည်ဆောက်ရာတွင် စိတ်အားထက်သန်၍ တိုက်ရိုက်လှုပ်ရှားမှု၊ ဆက်ဆံရေး တည်ဆောက်ခြင်း၊ စေတနာ့ဝန်ထမ်းများစည်းရုံးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း နှင့် စေ့စပ်ညှိနှိုင်းခြင်း တို့ပါဝင်သော အမျိုးမျိုးသော ချဉ်းကပ်မှုများကို အသုံးပြုနိုင်သော လူများလိုအပ်သည်။
သို့သော် ဒီလုပ်ဆောင်မှုများသည် တစ်ခါတစ်ရံတွင် သီးခြားစီ သို့မဟုတ် သဟဇာတမဖြစ် သလိုထင်ရတတ်သည်။ အောက်ခြေလူတန်းစား တက်ကြွလှုပ်ရှားသူများသည် ဆန္ဒပြပွဲများ နှင့် အခြားသောအကြမ်းမဖက်တိုက်ရိုက်လှုပ်ရှားမှု၏ပုံစံများတွင် ဘယ်လိုပါဝင်ရမည်ကိုသိသည် သို့သော် ၎င်းတို့သည် ကွဲပြားသောအဖွဲ့များနှင့် ထင်မြင်ချက်များကို အသားပေးထည့်သွင်းစဉ်းစားသည့် ပညာသားပါသောအစည်းအဝေးတစ်ခုကိုဖြစ်မြောက်အောင်ဆောင်ရွက်ခြင်းတွင် အတွေ့အကြုံနည်းပါးနိုင်သည်။ ငြိမ်းချမ်းရေးတည်ဆောက်သူများသည် အပြန်အလှန်ဆွေးနွေးခြင်း သို့မဟုတ် စေ့စပ်ညှိနှိုင်းခြင်း တွင် ထူးချွန်နိုင်သည် သို့သော် ၎င်းတို့သည် အဖွဲ့တစ်ဖွဲ့ကအခြားထက်ပိုပြီး ပါဝါရှိနေသော အခါတွင်အခက်တွေ့နိုင်ပြီးတရားမျှတသောဖြေရှင်းချက်ကိုရရှိရန်ခက်ခဲစေနိုင်သည်။ ချဉ်းကပ်နည်းတစ်ခုစီ တိုင်းတွင် ၎င်းတို့ကိုယ်ပိုင် သမိုင်းကြောင်း၊ လူထုကျင့်သုံးမှု၊ စာအုပ်စာတမ်း နှင့် ပညာရေးနှင့် လေ့ကျင့်ရေး ပရိုဂရမ်များရှိသည်။
ယခုသင်ခန်းစာသည် အဆိုပါ သီးခြားဖြစ်မှုကို လျှော့ချရန် နှင့် နယ်ပယ်နှစ်ခုလုံးတွင် မဟာဗျူဟာ အမြောက်ဆုံး နှင့် အကျိုးသက် ရောက်မှုအရှိဆုံးနည်းလမ်းများက တရားမျှတမှု မြှင့်တင်ရန် ၊ လူ့အခွင့်အရေး ကို အထောက်အကူပေးရန် နှင့် ရေရှည်တည်တံ့နိုင်သော ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တစ်ခုနှင့် တစ်ခု ဘယ်လို အားဖြည့်ပေးနိုင်ပုံကို ဥပမာပြလိုခြင်းဖြစ်ပါတယ်။ ၎င်းသည် အမျိုးမျိုးသော ညွန့်ပေါင်းဖွဲ့စည်းလုပ်ဆောင်မှုများအား အတူတကွ ပေါင်း စည်းရန်၊ ထောက်ခံအားပေးသူများကို စည်းရုံးရန် နှင့် ပါဝါရွှေ့ပြောင်းရန် နည်းလမ်းရှာဖွေနေသော တက်ကြွလှုပ်ရှားသူ များ နှင့် ပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးရန် နှင့် စေ့စပ်ညှိနှိုင်းမှုများတွင်အရှိန်အဝါ ရရှိရန်အတွက် ပါဝါ အချိုးမညီမှုများကိုထုတ်ဖော်ပြောဆိုရန် နှင့် အဓိကအကြောင်းအရာများကို ပြည်သူလူထုသတိပြုမိမှုရှိအောင်ပြုလုပ်ရန် ကြိုးစားနေသောငြိမ်းချမ်းရေးတည်ဆောက်သူများအတွက် ဖြစ်သည်။
- အကြမ်းမဖက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း မိတ်ဆက
- ၂၊ အင်အား (ပါဝါ) နှင့် ပဋိပက္ခ အသွင်ပြောင်းမှု
- မဟာဗျူဟာမြောက် အစီအစဥ် ရေးဆွဲခြင်းနှင့် ပဋိပက္ခ အကဲဖြတ်သုံးသပ်ခြင်
- အကြမ်းမဖက် လှုပ်ရှားမှု နည်းပရိယာယ်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ချဉ်းကပ်နည်းလမ်းများ
- အကြမ်းမဖက် လှုပ်ရှားမှု နည်းပရိယာယ်များ
- ရည်ရွယ်ချက်များ ချမှတ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မည့် အချက်အချာနေရာများ
- ငြိမ်းချမ်းရေးတည်ဆောက်မှု ချဉ်းကပ်နည်းလမ်းများ- စေ့စပ်ညှိနှိုင်းခြင်း
- ငြိမ်းချမ်းရေးတည်ဆောက်မှု ချဉ်းကပ်နည်းလမ်းများ-ကြားဝင်ဖျန်ဖြေခြင်း
- ငြိမ်းချမ်းရေးတည်ဆောက်မှု ချဉ်းကပ်နည်းလမ်းများ- အပြန်အလှန်ဆွေးနွေးပြောဆိုခြင်း
- လက်တွေ့ လေ့ကျင့်ခန်း
- လှုပ်ရှားမှုအတွက် အစီအစဉ်ရေးဆွဲခြင်