အခန်း - ၃ - မဟာဗျူဟာမြောက် အစီအစဥ် ရေးဆွဲခြင်းနှင့် ပဋိပက္ခ အကဲဖြတ်သုံးသပ်ခြင်း
သင်ခန်းစာ ရည်ရွယ်ချက်
ဤသင်ခန်းစားပြီးဆုံးလျှင် တက်ရောက်သူများသည်
- ၎င်းတို့၏ အကြောင်းခြင်းရာ အခြေအနေကို အဓိက ပဋိပက္ခအကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာ မေးခွန်း ခြောက်ခုဖြင့် လက်တွေ့သုံးသပ်နိုင်လာမည်။
- ဆက်လက်လုပ်ဆောင်နေမည့် ပဋိပက္ခ အကဲဖြတ်သုံးသပ်ခြင်းတွင် သင့်လျော်မည့် အကြမ်းမဖက် လှုပ်ရှားမှုများ နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နည်းလမ်းများကို အသုံးပြုနိုင်လာမည်။
- SWOT အကဲဖြတ်သုံးသပ်နည်းဖြင့် အကောင်းဆုံးနှင့် အဆိုးဆုံးဖြစ်နိုင်ခြေများ ဖော်ထုတ်၍ SMARTT ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် အခွင့်အလမ်းများ ဖော်ထုတ် အသုံးပြုနိုင်လာမည်။
ဗွီဒီယို - အခန်း ၃ မိတ်ဆက်
လက်တွေ့အသုံးချလမ်းညွှန်
ထိရောက်သော မဟာဗျူဟာမြောက် အစီအစဥ်ရေးဆွဲခြင်းကို ကျယ်ပြန့်သော အကြမ်းမဖက် လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နည်းစနစ်များ၊ ချဥ်းကပ်နည်းများတွင် ပေါင်းစပ်အသုံးပြုသင့်သည်။