ဗီဒီယို-အကြမ်းမဖက်လှုပ်ရှားမှုကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

အကြမ်းမဖက်လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့အား ပေါင်းစည်းခြင်းကို နားလည်ရန်၊ ပြည်သူ့အာခံမှု သို့မဟုတ် အကြမ်းမဖက်လှုပ်ရှားမှု ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သိရှိရန် လိုအပ်သည်။ ယခုဗီဒီယိုတွင် မာရီယာသည် ပြည်သူ့အာခံမှု သို့မဟုတ် အကြမ်းမဖက်လှုပ်ရှားမှုနှင့် အဓိကမူဝါဒများကို ရှင်းပြထားပါသည်။

အဓိက အယူအဆ

အကြမ်းမဖက်လှုပ်ရှားမှုသည် လုပ်ရိုးလုပ်စဥ် အပြုအမူကို ကျော်လွန်ကာ သာမန်အဖွဲ့အစည်းများ၏ ပြင်ပတွင်လုပ်ကိုင်သည့်အပြင် တစ်ခါတစ်ရံ သမားရိုးကျ ကျင့်သုံးမှုများကို စိန်ခေါ်သည်။

ဗီဒီယို - အကြမ်းမဖက်လှုပ်ရှားမှုကိုအမည်ပေးခြင်း

အကြမ်းမဖက်လှုပ်ရှားမှု သို့မဟုတ် ပြည်သူ့အာခံမှုကို အမည်နာမ အမျိုးမျိုးဖြင့် ခေါ်ဆိုကြပြီး ယဉ်ကျေးမှု နှင့် နောက်ခံ အခြေအနေပေါ်မူတည်၍ ကွဲပြားစွာ ဖြစ်ပေါ်သည်။ ယခုဗီဒီယိုတွင်  ဒါယန် ကမ်ဘရေ့ချ်က ကျွန်ုပ်တို့ အလုပ်လုပ်ကိုင်သော နောက်ခံအခြေအနေပေါ် မူတည်၍ အကြမ်းမဖက် လှုပ်ရှားမှု အကြောင်း ပြောကြားရာတွင် လိုက်လျောညီထွေဖြစ်စေရန် မည်သို့ထိန်းညှိရန် လိုအပ်ကြောင်းကို ဆွေးနွေးထားသည်။

လက်တွေ့အသုံးချလမ်းညွှန်

ကျွန်ုပ်တို့သည် ဤတွန်းလှန်မှု နည်းလမ်းများ အကြောင်း ပြောရာတွင် ကျွန်ုပ်တို့ ကျင်လည်နေသည့် နေရာဒေသ သမိုင်းကြောင်း၊ ယဥ်ကျေးမှု နောက်ခံ အခြေအနေပေါ် မူတည်၍ လိုက်လျောညီထွေ ပြင်ဆင်ရန် လိုအပ်သည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ