ဗွီဒီယို- စေ့စပ်ညှိနှိုင်းမှုကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

အဓိက အယူအဆ

မိမိက စေ့စပ်ညှိနှိုင်းသည့်အခါ လက်ရှိပြဿနာတွင် မိမိကိုယ်တိုင်သည်လည်း တိုက်ရိုက်ပါဝင်ပတ်သက်သူဖြစ်နေသည်။ မိမိက ကြားဝင်ဖြန်ဖြေသည့်အခါတွင် မိမိသည် စေ့စပ်ညှိနှိုင်းနေသည့် အဖွဲ့အစည်းများအား ထိရောက်သော လုပ်ငန်းစဉ် တစ်ခု ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော တတိယအဖွဲ့အစည်းတစ်ခုအနေဖြင့် တာဝန်ယူကူညီပေးရသည်။

ဗွီဒီယို - အကြမ်းမဖက်လှုပ်ရှားမှုနှင့် စေ့စပ်ညှိနှိုင်းခြင်း

အဓိက အယူအဆ

BATNA ဟုခေါ်သည့် “စေ့စပ်ညှိနှိုင်း သဘောတူညီချက်မှ အကောင်းဆုံး ရွေးချယ်စရာ” ကို ဖန်တီးခြင်း၊ အခြားအဖွဲ့အစည်းအား အရေးမကြီးဟု ထင်မြင်စေခြင်းသည် အခြားအဖွဲ့အစည်းအား စေ့စပ်ညှိနှိုင်းလာစေရန် တွန်းအားပေး၍ ပါဝါမညီမျှမှုကို လျှော့ချသည့် အဓိကနည်းလမ်း ဖြစ်သည်။

လက်တွေ့အသုံးချလမ်းညွှန်

စေ့စပ်ညှိနှိုင်းမှုနှင့် အကြမ်းမဖက်လှုပ်ရှားမှုသည် မတူညီသကဲ့သို့ ကွဲပြားခြားနားသည့် နည်းစနစ်မျိုးစုံ ပါဝင်ပါသည်။ သို့သော် သီးခြားစီ ဖြစ်တည်နေကြခြင်း မဟုတ်ဘဲ အပြန်အလှန် အားဖြည့်နိုင်သည့်အရာများဟု တွေးသင့်သည်။

ပြန်လှန်သုံးသပ်ခြင်း

သင့်ရဲ့ BATNA “စေ့စပ်ညှိနှိုင်း သဘောတူညီချက်မှ အကောင်းဆုံး ရွေးချယ်စရာ ”ဆိုတာဘာလဲ။

ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတစ်ခုဟာ လူမှုအသိုင်းအဝိုင်းနဲ့နီးသော ကြီးမားတဲ့သစ်တောဧရိယာတစ်ခုမှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ အစမ်းတူးဖော်ခြင်းကို စတင်လိုက်တယ်။ ဒေသခံမျိုးနွယ်စုဝင်များက ဒီမြေကို မိမိတို့နှင့်သက်ဆိုင်သည်ဟု ယုံကြည်ကြပြီး သစ်တောကို အမဲလိုက်ခြင်းအတွက် အသုံးပြုကြတယ်။ ဒေသခံအစိုးရခေါင်းဆောင်တွေက ဒီကိစ္စဟာ အခွန်ငွေများကို တိုးပွားစေပြီး ဒေသအလုပ်များ ဖန်တီးပေးလိမ့်မယ် ဖြစ်တာကြောင့် ရေနံကုမ္ပဏီကို မိမိတို့ရဲ့လူမှုအသိုင်းအဝိုင်းမှာ ရေနံတူးဖော်ရန် လွယ်ကူအောင် ပြုလုပ်ပေးချင်ကြတယ်။ အချို့ ဒေသခံ လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်တွေက တူညီတဲ့ အကြောင်းပြချက်ဖြင့် ရေနံ ကုမ္ပဏီကို ထောက်ခံကြတယ်။ တခြား လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်တွေကမူ မိမိတို့လူမှုအသိုင်းအဝိုင်းရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ကြပြီး မိမိတို့မိသားစုတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ကြတယ်။

ရေနံ အမှုဆောင်အရာရှိတွေ၊ ဒေသခံအစိုးရတွေ၊ စီးပွားရေးခေါင်းဆောင်တွေ၊ ခရီးသွားအုပ်စု လုပ်ငန်းရှင်တွေ၊ ဒေသခံ လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်တွေ အပါအဝင် ဒီကိစ္စကိုဆွေးနွေးဖို့ မြို့တော်ခန်းမအစည်းအဝေးသို့ ကိုယ်စားလှယ်တွေ လာရောက်ကြတယ်။

ကိုယ်စားလှယ်အဖြစ် အဖွဲ့တစ်ဖွဲ့ကို ရွေးချယ်ပါ။ သင် သိထားသည့် အကြောင်းအရာများအပေါ် အခြေခံ၍ စေ့စပ်ညှိနှိုင်းရေး မဟာဗျူဟာကို ရေးဆွဲကာ သင်၏ BATNA ကိုဖော်ထုတ်ပါ။

  • ဘယ်စေ့စပ်ညှိနှိုင်းမှုမဟာဗျူဟာကို သင် အသုံးပြုခဲ့သလဲ။ စေ့စပ်ညှိနှိုင်းမှုမဟာဗျူဟာက သင့် BATNA ကို ဘယ်လိုမျိုး လွှမ်းမိုးပါသလဲ။
  • သင်ရဲ့ BATNA ကဘာလဲ? (သင့်အဖွဲ့ နှင့် ရည်မှန်းချက်ပန်းတိုင်တွေကို ခွဲခြားသိရှိပါစေ။)
  • စပ်ညှိနှိုင်းနေစဉ်အတွင်း သင်ရဲ့ BATNA ဘယ်လို ပြောင်းလဲသွားနိုင်သလဲ။

နောက်စာမျက်နှာ  ယခင်စာမျက်နှာ