၁.၃ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
ဗီဒီယို - ငြိမ်းချမ်းရေးတည်ဆောက်ခြင်းက ဘာလဲ?
အကြမ်းမဖက်လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့ ပေါင်းစည်းခြင်းကို နားလည်ရန် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုသည်ကို နားလည်သဘောပေါက် ရန်လိုအပ်သည်။ ဒေါက်တာ လီဆာချာ့ချ်က ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဆွေးနွေးထားသည်။
အဓိက အယူအဆ
ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် ပဋိပက္ခ ဖြစ်စေသည့် အရင်းခံအကြောင်းတရားများ၊ တွန်းအားပေးသည့်အရာများကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် အကြမ်းဖက်မှု လျှော့ချရန် ရည်ရွယ်၍ ပဋိပက္ခ လျှော့ချခြင်းများ ပြုလုပ်ရန် ပုံစံထုတ်ထားသည့် ကြိုးပမ်းလုပ်ဆောင်မှုများ ဖြစ်ကြသည်။
ဗီဒီယို - ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ အဓိကဝေါဟာရများ
အယ်လီဆင် နှင့် အယ်လာနာတို့က ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနယ်ပယ်တွင် အသုံးပြုသည့် အဓိက အသုံးအနှုန်း များကို တင်ပြ၍ ဗန်ဆိုရက်စ် နှင့် ဘရိုင်ယန်တို့က အကြမ်းဖက်မှု၏ သဘောသဘာဝအဆင့်သုံးဆင့်ကိုရှင်းပြသည်။
အဓိက အယူအဆ
ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၏ အားသာချက်မှာ ယင်းသည် အုပ်စုအားလုံး၏ အကျိုးစီးပွားကို ကျေနပ်စေနိုင်သော အဖြေရှာဖွေသည့် လုပ်ငန်းစဥ်ကို အသုံးပြုခြင်းဖြစ်သည်။