ဗွီဒီယို - အပြန်အလှန်ဆွေးနွေးပြောဆိုခြင်း ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

အဓိက အယူအဆ

လူထုဦးဆောင်သည့် အပြန်အလှန်ဆွေးနွေးခြင်းကဲ့သို့သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်များသည် အကြမ်းမဖက်ရေး ဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေး သို့မဟုတ် လှုပ်ရှားမှု အတွင်းသာမက ပြင်ပပါဝင်သက်ဆိုင်သူများကိုပါ ပံ့ပိုးပေးနိုင်သည်။

လက်တွေ့အသုံးချလမ်းညွှန်

အပြန်အလှန်ပြောဆိုခြင်း၏ရည်ရွယ်ချက်သည် လူများအကြား သို့မဟုတ် အုပ်စုများအကြား နားလည်မှု နှင့် ဆက်ဆံရေးများကို တိုးတက်စေရန် ဖြစ်သည်။ အုပ်စုများအနေဖြင့် ၎င်းတို့၏ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အခြေအနေ နှင့် ရေရှည်ဆက်ဆံရေး ကိုထိန်းသိမ်းရန်လိုလားမှု တို့ကို အသိအမှတ် ပြုသောအခါတွင် အပြန်အလှန်ပြောဆိုခြင်းသည် အကျိုးအရှိဆုံးဖြစ်လေ့ရှိသည်။

ဗွီဒီယို- ဂရုတစိုက် နားထောင်ခြင်းဆိုတာ ဘာလဲ။

အဓိက အယူအဆ

ဂရုတစိုက် နားထောင်ခြင်း သည် ထိရောက်သော ဆက်သွယ်ရေးအတွက်  မရှိမဖြစ် လိုအပ်သည်။ သင် ဂရုတစိုက် နားထောင်သည့်အခါ သင်သည် ဆက်ဆံရေးတည်ဆောက်နေသည်။ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုသည် ဆက်ဆံရေး တည်ဆောက် အကြောင်း အားလုံးပင်ဖြစ်သည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ