၄-၂ ရည်ရွယ်ချက်များ ချမှတ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မည့် အချက်အချာနေရာများ
ဗွီဒီယို - နည်းပရိယာယ်ကြွယ်ဝသော ရည်ရွယ်ချက်များကို ချမှတ်ခြင်း
အဓိကမေးခွန်းများ
- အင်အားကို တိုးမြှင့်ခြင်း- နည်းပရိယာယ်ဟာ အဖွဲ့ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့ အဖွဲ့ရဲ့အင်အားကို မြှင့်တင်ပေးနိုင်မလား။
- အများပြည်သူ သိရှိမှုမြှင့်တင်ပေးခြင်း- နည်းပရိယာယ်ဟာ အဓိကကိစ္စရပ်တွေကို အများပြည်သူ ပိုမို သိရှိစေနိုင်မလား။
- ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး- နည်းပရိယာယ်ဟာ ပျော်စရာ သို့မဟုတ် စိတ်ဝင်စားဖွယ်ကောင်းပြီး ပါဝင်ဆောင်ရွက်ဖို့ လွယ်ကူသောကြောင့် လူအများဆုံး ပါဝင်နိုင်စေပါသလား။
- မိမိတို့၏ အဓိကနှင့် ဒုတိယဦးတည်ရည်ရွယ်သူများအပေါ်တွင် အနိုင်ယူ လွှမ်းမိုးနိုင်ခြင်း သို့မဟုတ် ဖိအားပေးနိုင်ခြင်း- တစ်ဖက်သတ်လုပ်ဆောင်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း ဒါမှမဟုတ် ဖြန်ဖြေပေးခြင်းတို့ကို အသုံးပြု၍ နည်းပရိယာယ်ဟာ အာဏာရှိအုပ်စုတွေအပေါ် အပြုအမူ ပြောင်းလဲဖို့ ( ရဲအရာရှိတွေက မိမိတို့ အခွင့်အာဏာကို အထက်တန်း လွှာတွေရဲ့ အကျိုးစီးပွား အတွက် အသုံးပြုမှုတွေအား ရပ်တန့်ဖို့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား အတည်ပြုပေးဖို့ ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေမည့် အလေ့အကျင့်တွေကို ရပ်တန့်ဖို့၊ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ စသည်တို့အတွက်) ဖိအားပေးနိုင်သလား။
- အရင်းအမြစ်များ အသုံးပြုမှုကို အမြင့်ဆုံးမြှင့်တင်ခြင်း -နည်းပရိယာယ်ကို သင့်တင့်လျောက်ပတ်စွာ အကောင်အထည်ဖော်ဖို့ အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ သင်တန်းတွေ၊ ပူးပေါင်းဆောင်ရွက်မည့်သူ အရေအတွက် မိမိမှာ ရှိပါသလား။
- အလားအလာရှိသော အကြမ်းဖက်မှုနှင့် အခြားထိခိုက်ဆုံးရှုံးနိုင်ခြေများ ကြိုတင်မျှော်မှန်းထားခြင်း - နည်းပရိယာယ်ဟာ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ် တုံ့ပြန်မှုမျိုး ဖြစ်နိုင်ခြေကို ထည်သွင်းစဉ်းစားထားပါသလား။
- ပုံမှန်အသွင်ကူးပြောင်းခြင်း ၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အတွက် အဆင့်သတ်မှတ်ခြင်း- နည်းပရိယာယ် ဟာ အတိုက်အခံအား ခုခံတွန်းလှန်ခြင်းမှ စေ့စပ်ညှိနှိုင်းမှု ၊ပြောင်းလဲမှုတို့ဆီသို့ မရည်ရွယ်ဘဲတွန်းပို့ပေးစေနိုင်တဲ့ ကြောက်ရွံ့စိတ် ဒါမှမဟုတ် စိတ်ဒဏ်ရာတို့ကို ဖြစ်ပေါ်လာစေပါသလား။
အဓိက အယူအဆ
ယဉ်ကျေးမှု၊ ဒေသဆိုင်ရာဓလေ့ထုံးစံများနှင့် လူအများ စိတ်ဝင်စားနိုင်မည့် လူကြိုက်များသောအကြောင်းအရာများ စသည့် အချက်မျိုးစုံတို့ကို ထင်ဟပ်စေသည့် နည်းပရိယာယ်များကို ပေါင်းစပ် ထည့်သွင်းခြင်းသည် စည်းရုံးလှုံ့ဆော်ရေးအား ပိုမိုချဉ်းကပ်ရ လွယ်ကူစေရုံသာမက ခိုင်မြဲသော၊ ရေရှည်တည်တံ့သော အကျိုးရလဒ် တစ်ခုရရှိရန်အတွက်လည်း အရေးပါသည်။
လက်တွေ့အသုံးချလမ်းညွှန်
စစ်ဆေးအကဲဖြတ်မှု ပြုလုပ်ရာတွင် ပြိုင်ဘက်များ၊ မဟာမိတ်များ ကြားတွင် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုတည်ဆောက်ထားရမည် ဖြစ်ပြီး ထိုဆက်သွယ်ရေးလမ်းကြောင်းတလျှောက်ရှိ လူအားလုံး၏ သဘောထားအမြင်၊ အကျိုးစီးပွားနှင့်ဆွေးနွေးညှိနှိုင်းရန် အဆင်သင့်ဖြစ်မှုကို ဆန်းစစ်ရန်လိုအပ်သည်။
ဗွီဒီယို - လှုပ်ရှားဆောင်ရွက်မည့် အချက်အချာနေရာများ
အဓိက အယူအဆ
လှုပ်ရှားဆောင်ရွက်မည့် မဟာဗျူဟာအချက်အချာနေရာများသည် မိမိ၏စည်းရုံးလှုံ့ဆော်ရေးပန်းတိုင်ကို ထောက်ခံသည့်အနေဖြင့် အကြမ်းမဖက် လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နည်းပရိယာယ်များ ပြုလုပ်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် အယူအဆရေးရာဆိုင်ရာ နေရာများ ဖြစ်သည်။