၁.၅ အကြမ်းမဖက်လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့ကို ပေါင်းစပ်ခြင်း
ဗီဒီယို - Curle သရုပ်ပြဇယား
ဤဗီဒီယိုတွင် လီဆာနှင့် မာရီယာတို့က ကားလ်သရုပ်ပြဇယားနှင့်တကွ ပဋိပက္ခ အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ် အဆင့်လေးဆင့်ကို ရှင်းလင်းတင်ပြသွားပါမည်။
အဓိက အယူအဆ
ပဋိပက္ခ အသွင်ပြောင်းလဲခြင်းသည် သိပ္ပံပညာမဟုတ်သော အနုပညာတစ်ခုဖြစ်သည်။ လုပ်ဆောင်ရမည့် အဆင့်များသည် သက်ဆိုင်ရာ အခြေအနေကို နက်နဲစွာ နားလည်သဘောပေါက်မှုအပေါ်တွင် များစွာမူတည်သည်။
ကားလ် သရုပ်ပြဇယာ
ကားလ် သရုပ်ပြ ဇယားကို ကွိက်ကာ အကြမ်းမဖက် တက်ကြွလှုပ်ရှားသူ နှင့် ငြိမ်းချမ်းရေးသမားအက်ဒမ်ကားလ်က ရေးဆွဲဖန်တီးခဲ့သည်။ အဆိုပါ သရုပ်ပြဇယားတွင် ပဋိပက္ခအသွင်ပြောင်းလဲရာတွင် ဖြတ်သန်းသည့် အဆင့်အမျိုးမျိုးကို ဖော်ပြထားသည်။ သရုပ်ပြဇယားတွင် အခြေခံအားနှစ်ခုဖြစ်သော အကြောင်းအရာဆိုင်ရာ သတိပြုမိမှု မြှင့်တင်ခြင်း နှင့် အုပ်စုများအကြား အင်အားဟန်ချက်ညီမျှစေခြင်း တို့ကို သရုပ်ပြထားသည်။

ဗီဒီယို - ပေါင်းစပ်မှုဆိုတာ ဘာလဲ
ဤဗီဒီယိုတွင် အကြမ်းမဖက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှစ်ခုလုံး၏ ချဥ်းကပ်နည်းများ၏ အားသာချက်များကို ဖော်ထုတ်၍ ပဋိပက္ခ အသွင်ပြောင်းလဲခြင်း လမ်ကြောင်းဆီသို့ တစ်ခုနှင့် တစ်ခု မည်သို့ အပြန်အလှန် အားဖြည့်သွားနိုင်ပုံကို ဖော်ပြသည်။
အကြမ်းမဖက် လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနည်းလမ်းများအား နှိုင်းယှဉ်ချက်
ဤအချက်အလက်ပြဇယားသည် NVA နှင့် PB တို့နှစ်ခုလုံးက တူညီသော ရည်မှန်းချက် နှင့် ဦးတည်ချက်ပန်းတိုင် များ ပြည့်မြောက်စေရန် မတူကွဲပြားသော နည်းလမ်းများ နှင့် ချဉ်းကပ်နည်းများကို အသုံးပြုနေကြောင်း ပြသနေပြီး ယင်းကို Veronique Dudouet ၏ “ငြိမ်းချမ်းရေးကိုအားဖြည့်ခြင်း - ပြည်သူ အာခံမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဗျူဟာများ” ICNC အထူး အစီရင်ခံစာ မှ ယူထားခြင်းဖြစ်သည်။
