၄.၁ အကြမ်းမဖက် လှုပ်ရှားမှု နည်းပရိယာယ်များ
ဗွီဒီယို - နည်းလမ်း (၁၉၈) သွယ်
အကြမ်းမဖက် လှုပ်ရှားမှုနည်းလမ်းများ
ဤဇယားသည် အကြမ်းမဖက်လှုပ်ရှားမှုနည်းလမ်းများအပေါ် မိုက်ကယ်ဘီယာ၏ဂရပ်ကို ဖော်ပြသည်။ ကိုးကား - မိုက်ကယ်ဘီယာ၊ “Revisiting the Methods of Nonviolent Action (အကြမ်းမဖက်လှုပ်ရှားမှုနည်းလမ်းများအား ပြန်လည်လေ့လာခြင်း),” International Center on Nonviolent Conflict Blog Post (forthcoming 2018).

ဝေါဟာရ
- ဆန္ဒထုတ်ဖော်ခြင်း (Protest)- ဝေဖန်ရန် သို့ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ပြောဆိုဆက်ဆံမှုပြုသည့် လှုပ်ရှားမှု။
- ပူးပေါင်းမှုမပြုခြင်း (Noncooperation)- မျှော်မှန်းထားသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ငြင်းဆိုခြင်း ။
- အနှောင့်အယှက်ဖြစ်စေသောကြားဝင်စွက်ဖက်မှု (Disruptive Intervention)- အခြား အဖွဲ့အစည်းကို ရန်တန့်စေရန်၊ အနှောင့်အယှက်ဖြစ်စေရန် သို့မဟုတ် အပြုအမှု ပြောင်းလဲစေရန် ထိပ်တိုက်တွေ့သည့် တိုက်ရိုက် လုပ်ဆောင်မှု။
- မေတ္တာရပ်ခံခြင်း (Appeal)-ဆုပေးရန် သို့ ဖြောင်းဖြရန် ရည်ရွယ်ချက်ဖြင့် ပြောဆိုဆက်ဆံမှုပြု သည့်လှုပ်ရှားမှု။
- ရှောင်ကျဉ်ခြင်း (Refraining)- ရပ်ဆိုင်းခြင်း သို့မဟုတ် အနှောင့်အယှက် ဖြစ်စေသည့် လှုပ်ရှားမှုများ သို့မဟုတ် ထုတ်ဖော်ပြောဆို ပြသမှုများ ပြုလုပ်ခြင်းဖြင့် ဆုပေးရန် သို့မဟုတ် လက်ခံစေရန် ဖြောင်းဖြခြင်း။
- ထိုးထွင်းတီထွင်နိုင်စွမ်းရှိသောကြားဝင်စွက်ဖက်မှု (Creative Intervention)- ပြိုင်ဆိုင်မှု ဖြစ်စေသည့် အပြုအမူများ ဖြစ်စေခြင်း နှင့် စင်ပြိုင် အဖွဲ့အစည်းများ ဖွဲ့ စည်းခြင်း။