အခန်း ၂၊ အင်အား (ပါဝါ) နှင့် ပဋိပက္ခ အသွင်ပြောင်းမှု
သင်ခန်းစာ ရည်ရွယ်ချက်များ
ဒီအခန်းပြီးတဲ့နောက်မှာ၊ တက်ရောက်သင်ယူကြသူတွေဟာ
- အင်အား (ပါဝါ) ဆိုတာရဲ့ အယူအဆနဲ့ လူမှုအဖွဲ့အစည်းမှာ ပါဝါ ကို ဘယ်လိုနားလည်ကြတယ်ဆိုတာကို စူးစမ်းရှာဖွေနိုင်မယ်
- ဝိသေသကဏ္ဍစုံ ကူးလူးဆက်နွယ်မှု (Intersectionality) ရဲ့ အဓိပ္ပါယ်နဲ့ အဲဒါနဲ့ အင်အား (ပါဝါ) တို့ ဘယ်လိုဆက်နွယ် နေတယ် ဆိုတာကို ဆွေးနွေးနိုင်မယ်
- အင်အား (ပါဝါ) အမျိုးအစားတွေနဲ့ လက်ရှိ သို့မဟုတ် ဖြစ်နိုင်ခြေရှိတဲ့ ရင်းမြစ်တွေကို ဖော်ထုတ်နိုင်မယ်
- ပြင်းထန်သော ပဋိပက္ခ ဖြစ်ပွားစေနိုင်မယ့် အရာတွေကို ချိန်ခွင်လျှာ မမျှအောင် လုပ်နိုင်မယ်
- ပဋိပက္ခ အသွင်ပြောင်းမှု ဖြစ်စေဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ အင်အား (ပါဝါ)ရင်းမြစ်တွေနဲ့ ပုံသဏ္ဍာန်တွေကို အကြမ်းမဖက်ဘဲ ထိတွေ့လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို သိရှိနိုင်မယ်
- ပြင်းထန်သော ပဋိပက္ခတွေကို ၎င်းတို့ရဲ့ နယ်ပယ်အတွင်းမှာပဲ အသွင်ပြောင်းနိုင်ရေး အတွက် စုစည်းဖော်ထုတ်ထားတဲ့ တန်ဖိုးတွေ၊ အမြင်တွေ နဲ့ လုပ်ငန်းစဉ်ဖော်ပြချက်တွေကို ချမှတ်နိုင်မယ်
ဗီဒီယို- အခန်း ၂ နိဒါန်း