၂.၁ ပဋိပက္ခ နဲ့ အင်အား (ပါဝါ)
ဗီဒီယို- တင်းမာမှု၊ ပဋိပက္ခ နဲ့ အကြမ်းမဖက် ရုန်းကန်လှုပ်ရှားမှု
ဒီဗီဒီယိုကနေ ပဋိပက္ခဆိုတာ လူ့ဘဝရဲ့ မရှောင်လွှဲနိုင်တဲ့ အစိတ်အပိုင်းဖြစ်တယ် ဆိုတာနဲ့ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုဟာလည်း မကြာခဏ ဆိုသလိုပဲ ပဋိပက္ခဖြစ်စေဖို့ တွန်းအားပေးတယ် ဆိုတာကို ရှင်းပြထားပါတယ်။ ဒီအထဲမှာ စေ့စပ်ညှိနှိုင်းရေး တံခါးဖွင့်ဖို့အတွက် အကြမ်းမဖက်တဲ့ ပဋိပက္ခ ဆင်နွှဲဖို့လိုတယ်လို့ အလေးပေး ဖော်ပြ ရေးသားခဲ့တဲ့ ဘာမင်ဟန်အကျဉ်းထောင်ထဲက ပေးစာထဲက ကောက်နုတ်ချက်ကို မြင်သာအောင် ဖော်ပြထားပါတယ်။
ပြောစကား
အကြမ်းမဖက်တဲ့ တိုက်ရိုက် လုပ်ဆောင်မှုဟာ ဒီလိုမျိုး အကျပ်အတည်းကို ဖန်တီးဖို့ နဲ့ တင်းမာမှုကို ကိုင်တွယ်ဖို့အတွက် ရှာဖွေတတ်ပြီးတော့၊ စေ့စပ်ညှိနှိုင်းဖို့ကို တစ်သမတ်တည်း ငြင်းဆိုနေတဲ့ လူမှုအဖွဲ့အစည်း တစ်ခုကို ပြသနာကို ရင်ဆိုင်စေဖို့ရာ တွန်းအားပေးပါတယ်။
–မာတင်လူသာကင်း ဂျူနီယာ
ဗီဒီယို အင်အား (ပါဝါ)ရဲ့ အယူအဆများအပေါ် စိန်ခေါ်ချက်
ဒီဗီဒီယိုက နေပြီးတော့ အင်အား (ပါဝါ)ဆိုတာ “ရည်ရွယ်ချက် ပြည့်မြောက်အောင် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်” ဆိုတာနဲ့၊ အကြမ်းမဖက်တဲ့ လုပ်ဆောင်မှု အပေါ် ဘယ်လို အံဝင်ဂွင်ကျ ဖြစ်စေတယ် ဆိုတာကို ဖော်ပြပါတယ်။ အဲဒါကတော့ စတာလင်-ကင်ဂျုံအီး လေယာဉ်ဥပမာအရ၊ အင်အား (ပါဝါ)ဟာ လေယာဉ်မှူးနဲ့ အတူ တည်ရှိတယ် ဆိုတာပါပဲ။
အဓိက အယူအဆ
အကြမ်းမဖက် လှုပ်ရှားမှုရဲ့ အားသာချက်ကတော့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး ဖိအားတွေကို အသုံးချတဲ့ ဖြစ်စဉ်တွေထဲမှာ ပါဝင်လုပ်ဆောင်ခြင်း နဲ့ သိရှိသတိပြုနိုင်မှုတို့ကို မြှင့်တင်ပြီးတော့ အင်အား (ပါဝါ)ကို တည်ဆောက်တာ နဲ့ ပြောင်းလဲပေးတာ ပဲဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဖြင့် အင်အားကြီးတဲ့ အုပ်စုတွေအနေနဲ့ လူမှုအဖွဲ့အစည်းအတွင်းက အခြားသော အုပ်စုတွေရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေကို လျစ်လျူ မရှုနိုင်တော့ပါဘူး။