ဗီဒီယို - ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ရောင်စဉ်ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်း

ဂျက်ကလင်းန်က ငြိမ်းချမ်းရေး တည်ဆောက်သူများ အသုံးပြုသည့် နည်းကိရိယာများကို ရွေးထုတ် အနက်ဖွင့်ဆိုထားပါသည်။

အဓိက အယူအဆ

အကြမ်းမဖက် လှုပ်ရှားမှုများအတွင်း အားကောင်းသော မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဥ်က အကူအညီ ဖြစ်နိုင်သည်။ ၎င်းတို့သည် မဟာမိတ်များ နှင့် အတိုက်အခံများအကြား ရေရှည်တည်မြဲသော ရလဒ်အတွက် စေ့စပ်ညှိနှိုင်းရာတွင် အထောက်အကူပြုသည်။

လေ့ကျင့်ခန်း - ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နည်းလမ်းများ

  • သင့် ကိုယ်ရေးကိုယ်တာအတွက်သော်လည်းကောင်း သို့မဟုတ် လုပ်ငန်းခွင်တွင်လည်းကောင်း အထက်တွင် ဖော်ပြထားသည့် နည်းလမ်းများအနက် မည်သည်တို့ကို အသုံးပြုခဲ့ဖူးပါသနည်း။
  • အဆိုပါ နည်းလမ်းတစ်ခုခုက သင့်ရည်မှန်းချက် ပန်းတိုင်ကို ပြည့်မြောက်စေရန် မည်သို့အထောက်အကူပြုခဲ့ပါသနည်း။

ဗီဒီယို - ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကို မိမိတို့ကိုယ်တိုင် ပြုလုပ်သည်ဟူသော ဒေသခံပိုင်ဆိုင်မှု

အကြမ်းမဖက်လှုပ်ရှားမှုတွင် အားကောင်းသော မဟာမိတ်များ တည်ဆောက်ရန် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းစဉ်များက အထောက်အကူပြုနိုင်ပါတယ်။ ဒါတွေက မဟာမိတ်များနှင့် အတိုက်အခံများအကြား ရေရှည် တည်မြဲသော ရလဒ်ကို စေ့စပ်ညှိနှိုင်းရာမှာလဲ အသုံးဝင်ပါတယ်။

အဓိက အယူအဆ

ဒေသခံပိုင်ဆိုင်မှုဆိုသည်မှာ ဒေသန္တရ အခင်းအကျင်းနှင့် တတ်နိုင်သမျှ ကိုက်ညီစေရန် ပြုလုပ်ထားသော ဖြေရှင်းချက်များကို ဆိုလိုသည်။ အဘယ့်ကြောင့်ဆိုသော် ဖြေရှင်းချက်များသည် ဒေသခံ အသိပညာနှင့် အတွေ့အကြုံများမှ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ