ဗီဒီယို- ပဋိပက္ခ အသွင်ပြောင်းမှုဆီသို့ ရွေ့လျားခြင်း

George က ပဋိပက္ခ အသွင်ပြောင်းမှုရဲ့ အနောက်တိုင်း နမူနာပုံစံတွေ အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပါတယ်၊ ဒီနမူနာတွေဟာ တရားမျှတမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို မဖော်ပြကြပါဘူး၊ နိုင်ငံရေးနဲ့ လူမှုရေး ဖြစ်စဉ်တွေထဲက အဓိက အုပ်စုတွေကို ဖယ်ရှားပြီးတော့၊ စေ့စပ်ညှိနိုင်းရေး အစုအဖွဲ့တွေရဲ့ ဆက်ဆံရေး ပြောင်းလဲမှု မရှိတာတွေကို ချန်လှပ်ထားတတ်ကြပါတယ်။

အဓိက အယူအဆ

အကြမ်းဖက်မှုကနေ ငြိမ်းချမ်းရေးဆီသို့ သွားရောက်ခြင်းဟာ ပဋိပက္ခကို ကိုယ်တိုင်အသွင်ပြောင်းခြင်း၊ လုပ်ငန်းစဉ်ကို ကျော်လွန်ခြင်းနဲ့ အတူတကွအနာဂတ်ကို ကြည့်ရှုခြင်းလို့ ဆိုလိုပါတယ်။

ဗီဒီယို- ပိုမိုကျယ်ပြန့်တဲ့ မူဘောင်

George ကတော့- အချင်းချင်းကြား ဆက်ဆံရေး မပြောင်းလဲဘဲ တစ်ဦးချင်းစီရဲ့ ပြသနာများအပေါ်မှာပဲ အာရုံစိုက်တတ်တဲ့ အစဉ်အလာ ပဋိပက္ခ ဖြေရှင်းရေး မူဘောင်ကနေ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်း အသွင်ကူးပြောင်းမှုကာလ အကြောင်းကနေ စတင်ပြီးတော့၊ ပဋိပက္ခ ဖြေရှင်းဖို့ လုပ်ဆောင်နေကြတဲ့ အဖွဲ့အုပ်စုများအကြား ဆက်ဆံရေး အသစ်တည်ဆောက်ခြင်းကို အလေးပေးတဲ့ ပဋိပက္ခ အသွင်ပြောင်းမှုကို ဆွေးနွေးထားပါတယ်။

အဓိက အယူအဆ

အကြမ်းမဖက်သော လုပ်ဆောင်ချက်နှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတို့အား ပေါင်းစပ်ခြင်းသည် ဖယ်ကြဉ်ခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ စီးပွားရေး တန်းတူမညီမျှခြင်း၊ အဂတိလိုက်စားခြင်း ကဲ့သို့သော ပဋိပက္ခ ရင်းမြစ်များကို ဖော်ထုတ်နိုင်ပြီး ပိုမို တရားမျှတပြီးတော့ ငြိမ်းချမ်းတဲ့ လူမှုအဖွဲ့ အစည်းတွေကို တည်ဆောက်နိုင်ပါတယ်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ