၂.၅ ပဋိပက္ခ အသွင်ပြောင်းမှု ကဲ့သို့သော အကြမ်းမဖက်တဲ့ လှုပ်ရှားမှု
ဗီဒီယို- ပဋိပက္ခ အသွင်ပြောင်းမှု ကဲ့သို့သော အကြမ်းမဖက်တဲ့ လှုပ်ရှားမှု
အကြမ်းမဖက်တဲ့ လှုပ်ရှားမှု (NVA) ဟာ ဆိုင်ရာအုပ်စုအဖွဲ့များ အကြား အင်အား (ပါဝါ) ဆက်ဆံရေး အသစ်များ ထုတ်လုပ်ခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသွင်အပြင်နဲ့ အပြန်အလှန် ပြောင်းလြမှုတွေ ဆောင်ကြဉ်း ပေးခြင်းဖြင့် ပဋိပက္ခ အသွင်ပြောင်းမှုကို ဘယ်လို ပံ့ပိုးပေးသည်ကို ဒီဗီဒီယိုမှာ ဖော်ပြထားပါတယ်။ ဒီဗီဒီယိုမှာ ဘာမင်ဟမ် အကျဉ်းထောင်မှ ပေးစာကို အလေးပေး ဖော်ပြထားပြီးတော့ ပဋိပက္ခ အသွင်ပြောင်းလဲစေဖို့ အတွက် NVA နဲ့ PB ချဉ်းကပ်မှု နှစ်မျိုးစလုံး လိုအပ်တယ် ဆိုတာကို ဖော်ပြထားပါတယ်။
အဓိက အယူအဆ
ပဋိပက္ခ အသွင်ပြောင်းမှုဆိုတာဟာ အကြမ်းဖက်မှုကို မြင့်တက်စေတဲ့ အင်အားစုတွေနဲ့ အာဏာပါဝါ ဆက်ဆံရေးတို့ကို အမြစ်ပြတ် ဖယ်ရှားဖို့ ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။