အကြမ်းဖက်မှုများတွင် ကိုးကွယ်ယုံကြည်မှု၏ ပါဝင်ပတ်သက်မှုကို နားလည်ခြင်း နှင့် ဘာသာရေး အတွေးအခေါ်များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်သွယ်ရန် နည်းလမ်းများအား နားလည်ခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးသည်။ ဘာ့ကြောင့်လဲ ဆိုရင် ကမ္ဘာကြီးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့အရပ်ဖြစ်သလို ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဘာသာတရား ကိုင်းရှိုင်းသူများအဖြစ် သူတို့ကိုယ်သူတို့ ဖော်ပြကြပါတယ်။ ဘာသာရေးအဖွဲ့အစည်းများ၊ အတွေးအခေါ်များ နှင့် ပုဂ္ဂိုလ်များဟာ လူ့အဖွဲ့အစည်းကို အခြေခံကျကျ ပုံသွင်းကြသူများဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမတို့ အေးချမ်းသာယာတဲ့ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ကြိုးစားရာမှာ ဒီလို အခြေခံ အကျဆုံး အချက်ကို နားလည်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာပေါ်က လူအများစုအတွက် ဘာသာရေးဟာ အခြေခံအကျဆုံး အဓိပ္ပါယ်မူဘောင်တစ်ခု ဖြစ်တဲ့အတွက် တခါတရံမှာ အကြမ်းဖက် ပဋိပက္ခတွေဖြစ်စေဖို့ အင်အားကောင်းတဲ့ တွန်းအားတစ်ခုလဲ ဖြစ်နိုင်ပါတယ်။ ၎င်းဟာ လူအဖွဲ့အစည်းတွင်းမှာ ကွဲပြားမှုကို ဖြစ်စေတဲ့ လက်နက်တစ်ခုသဖွယ် ဖြစ်နိုင်သလို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ကြစေပြီး၊ အချို့လူများအတွက် အကြမ်းဖက် အခြေအနေတစ်ခုသို့ ရောက်အောင် အားပေးတတ်ပါတယ်။ ဒါပေမယ့် ဘာသာတရားဟာ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ လူအများကို အကြမ်းဖက်မှု ဖြစ်စဥ် အထွဋ်အထိပ်မှာတောင် ထူးကဲသာလွန် သတ္တိပြောင်မြောက်တဲ့ ငြိမ်းချမ်းရေး လုပ်ရပ်တွေ လုပ်ဆောင်နိုင်စေဖို့ ခွန်အားပေးနိုင်တဲ့ အံ့မခမ်း အရင်းအမြစ်တစ်ခုလဲ ဖြစ်ပါတယ်။ ဒီ သင်ခန်းစာမှာ ဘာသာတရားနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနယ်ပယ်က အဖွဲ့အစည်းအသီးသီးက ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များဟာ ပဋိပက္ခများကို ကာကွယ်ရေး၊ အဖြေရှာရေး၊ ပဋိပက္ခလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ဘယ်လို ပံ့ပိုးကူညီခဲ့ကြတယ်ဆိုတာကို ခြုံငုံတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျမတို့နဲ့ အတူတူ လေ့လာကြရအောင်၊

  1. နိဒါန်း
  2. ကိုးကွယ်ယုံကြည်ရာ ဘာသာတရားမိတ်ဆက်
  3. အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် သမိုင်းဆိုင်ရာ အကြောင်းအရာ
  4. ဖြစ်စဥ်လေ့လာမှု
  5. သီအိုရီနှင့် လက်တွေ့
  6. နိဂုံး