ပဋိပက္ခတွင် ဘာသာရေးကို ဆန်းစစ်လေ့လာသုံးသပ်ခြင်း
ပဋိပက္ခအတွင်း ဘာသာရေး၏ အခန်းကဏ္ဍ
အဓိက အယူအဆ
မည်သည့် ပဋိပက္ခအခင်းအကျင်းမျိုးတွင် မဆို ဘာသာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ အားထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဘာသာရေးသည် ပဋိပက္ခအပေါ် မည်သို့သက်ရောက်မှုရှိသည် ကို ကျွန်ုပ်တို့ အလျှင် လေ့လာသုံးသပ်ရမည်။ သို့မှသာ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် ပြဿနာဖြစ်စေသည့် ဘာသာရေးဆိုင်ရာ အချက်များကို ဖော်ထုတ်၍ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဘာသာရေးအရ အားပေးသည့် အချက်များကို ထုတ်နှုတ်အသုံးချနိုင်မည်ဖြစ်သည်။
လက်တွေ့အသုံးချလမ်းညွှန်
ပဋိပက္ခတွင် ဘာသာရေး၏ အခန်းကဏ္ဍကို သုံးသပ်နိုင်မည့် နည်းလမ်းတစ်ခုမှာ ရှိနှင့်ပြီးသား ပဋိပက္ခ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း မူဘောင်တွင် ဘာသာရေးနှင့်ဆက်စပ်သည့် မေးခွန်းများ ထည့်သွင်း၍ ပဋိပက္ခအခြေအနေကို ဘာသာရေးက မည်သို့ သြဇာသက်ရောက်နေကြောင်း စဥ်းစားဆင်ခြင် ခြင်းဖြစ်သည်။