သင်ခန်းစာ အစီအစဥ်

သင်ခန်းစာ ဖွဲ့စည်းထားပုံ နှင့် အခန်းတစ်ခုချင်းစီအလိုက် ရည်ရွယ်ချက်များကို သင်ခန်းစာအစီအစဥ်တွင် ဖော်ပြထားသည် (ဓါတ်ပုံ - Ketut Subiyanto, Pexels).
အခန်း ၁ - ကိုးကွယ်ယုံကြည်ရာ ဘာသာတရားမိတ်ဆက်
ပဋိပက္ခကို သြဇာလွှမ်းမိုးသည့် ဘာသာရေးနှင့် ဘာသာရေး ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ နှင့် အတွေးအခေါ်များ ကိုမိတ်ဆက်တင်ပြထားပြီး ငြိမ်းချမ်းရေးတည်ဆောက်သူများအနေဖြင့် ပဋိပက္ခတွင် ဘာသာရေး ရှုထောင့်ကို နားလည်ရန်နှင့် ထိတွေ့လုပ်ဆောင်ရန် အဘယ့်ကြောင့် အရေးကြီးကြောင်း ရှင်းပြထားသည်။
အခန်း ၂ - အဓိပ္ပါယ်ဖ္ငင့်ဆိုချက်များနှင့် သမိုင်းနောက်ခံ အကြောင်းအရာ
ဘာသာရေးသည် လူမှုအသိုင်းအဝိုင်းများအတွင်း၌ မည်သို့ လှုပ်ရှားလည်ပတ်သည်ကို နားလည်စေမည့် သက်ဝင်ရှင်သန်နေသော ဘာသာရေး ဟူသည့် အယူအဆကို ဆွေးနွေးထားသည်။ ဥပမာအနေဖြင့် ထိုင်းတောင်ပိုင်းတွင် ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခအကြောင်း ဖြစ်စဥ်လေ့လာမှုကို ထည့်သွင်းတင်ပြထားပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့သည် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတို့တွင် မည်သို့ အပြန်အလှန် တုန့်ပြန်ကြသည် ၊ ဆက်သွယ်နေကြသည်ကို သိမြင်စေသည်။
အခန်း ၃ - လက်တွေ့ ဖြစ်ရပ်ဇာတ်လမ်းများ
ဘာသာရေးက ပဋိပက္ခကို မည်သို့ ပုံသွင်းသည်ကို လေ့လာရန် ပဋိပက္ခ ဖြစ်စဥ် အခင်းအကျင်းတွင် ဘာသာရေး၏ အထူးထူးသော အမျိုးအစားကွဲပြားမှုများနှင့် ရှုထောင့်များကို အထူးသဖြင့် အာရုံစိုက်၍ ပဋိပက္ခအခင်းအကျင်း တစ်ခုစီအလိုက် ဘာသာရေး၏ အခန်းကဏ္ဍကို လေ့လာသုံးသပ်နိုင်စေရန် လက်တွေ့အသုံးချနည်းလမ်းများကို ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုထားသည်။ ထိုင်းတောင်ပိုင်း ပဋိပက္ခတွင် ဘာသာရေး၏ အခန်းကဏ္ဍကို သုံးသပ်ချက်များအား တင်ပြထားသည်။
အခန်း ၄ - သီအိုရီ နှင့် လက်တွေ့
ဘာသာရေးကို နက်နက်ရှိုင်းရှိုင်းလေ့လာ၍ ကြားဝင်ဖြန်ဖြေခြင်းနှင့် ၎င်း၏ ဆုံမှတ်အလားအလာ နှင့် ဘာသာရေးဖြင့် ကြားဝင်ဖြန်ဖြေမှုက အထောက်အကူဖြစ်နိုင်သည့် အခင်းအကျင်းကို စဥ်းစားကာ ဘာသာရေးနှင့် ဘာသာရေး ပုဂ္ဂိုလ်များက ပဋိပက္ခဖြေရှင်းရာတွင် မည်သို့ ကူညီပေးနိုင်ပုံ၊ ပြန်လည်သင့်မြတ်ရေး၏ အခန်းကဏ္ဍ၊ ပဋိပက္ခလွန်ကာလတွင် ရန်ဘက်များအကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်သည့် လုပ်ငန်းစဥ် တို့ကို ဆွေးနွေးထားသလို ဘာသာရေးက အဆိုပါ လုပ်ငန်းစဥ်ကို ကြားခံပံ့ပိုးပေးနိုင်သည့် နည်းလမ်းများ နှင့် ကျား-မရေးရာဟူသော အယူအဆ၊ ယင်း၏ ဘာသာရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း တို့နှင့် ဆက်စပ်နေပုံ ၊ ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် ကျား-မ အားလုံးပါဝင်သည့် နည်းလမ်းကို အသုံးပြုခြင်းဖြင့် မည်သို့ တိုးတက်အောင်မြင်နိုင်ပုံ ၊ ကျား-မ အခြေပြု အကြမ်းဖက်မှု ကိစ္စများကို မည်သို့ကိုင်တွယ်နိုင်သည် စသည်တို့ကို ဆွေးနွေးထားသည်။
အခန်း ၅ - နိဂုံး
ဤအခန်းတွင် သင်ယူခဲ့သည့် အကြောင်းအရာများကို ပြန်လည်သုံးသပ်ရန် နှင့် အကြံပြုချက်များ ပေးရန် တောင်းဆိုထားပါသည်။ အခန်းဆုံး စာမေးပွဲ ဖြေဆို၍ အောင်မြင်ပါက သင်တန်းဆင်းလက်မှတ် ရရှိပါမည်။