ဤအခန်း၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို စူးစမ်းလေ့လာရန် နှင့် ဘာသာရေးနှင့် ကြားဝင်ဖျန်ဖြေရေးတို့ စုဆုံနိုင်ခြေရှိမှုများကို စူးစမ်းရှာဖွေရန်၊ ဘာသာရေးဖြင့် ကြားဝင်ဖျန်ဖြေခြင်းက အထောက်အကူဖြစ်စေနိုင်သည့် အခင်းအကျင်းများကို ဆက်စပ်စဥ်းစားရန် ၊ ဘာသာရေးနှင့် ဘာသာရေးဖြင့် ကြားဝင်ဖျန်ဖြေသူများက ပဋိပက္ခဖြေရှင်းရာတွင် မည်ကဲ့သို့ အထောက်အကူ ဖြစ်စေနိုင်သည် ကို ထည့်သွင်းစဉ်းစားရန်တို့ ဖြစ်သည်။

ပြန်လည်သင့်မြတ်ရေး၏ အခန်းကဏ္ဍ၊ အကြမ်းဖက်ပဋိပက္ခများအပြီးတွင် ရန်ဘက်များကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ၊ ဘာသာရေးဖြင့် ဤလုပ်ငန်းစဉ်ကို လွယ်ကူ ချောမွေ့စေမည့် နည်းလမ်းများ ကို ဖော်ပြထားပြီး ဘာသာရေး အဆုံးအမများကြောင့် ပြန်လည်သင့်မြတ်ရေး ဖြစ်လာစေနိုင်မည့် အဓိက အစိတ်အပိုင်းများနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း၊ ဤလုပ်ငန်းတွင် ဘာသာရေးပုဂ္ဂိုလ်များ ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို စူးစမ်းလေ့လာခြင်းတို့ဖြစ်သည်။

နောက်ဆုံးတွင် ဘာသာရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်ခုစလုံး အတွက် ကျား-မရေးရာ သဘောတရား နှင့် ၎င်း၏ဆက်ဆံရေး၊ ဘာသာရေးဖြင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးတွင် ကျား/မအားလုံး ပါဝင်စေခြင်းဖြင့်ဆိုလျှင် မည်ကဲ့သို့ တိုးတက်နိုင်ကြောင်းနှင့် ၊ ကျား-မအခြေပြုအကြမ်းဖက်မှု ကဲ့သို့သော ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်လည်း ဆွေးနွေးထားသည်။

သင်ခန်းစာ ရည်ရွယ်ချက်များ

  • ကြားဝင်ဖျန်ဖြေရေးတွင် ဘာသာရေးနှင့် ဘာသာရေးပုဂ္ဂိုလ်များ၏ အကျိုးသက်ရောက်မှုကို အသိအမှတ်ပြုပြီး ဥပမာများကို ဆွေးနွေးရန်။
  • ဘာသာရေးဖြင့် ကြားဝင်ဖျန်ဖြေသူများ ပိုင်ဆိုင်သည့် နည်းလမ်းများနှင့် ပဋိပက္ခကို ဖြေရှင်းရန် ထိုနည်းလမ်းများကို မည်သို့ အသုံးချနိုင်ကြောင်း ဖော်ပြရန်။
  • ပဋိပက္ခဖြေရှင်းရေးတွင် ကြားဝင်ဖျန်ဖြေရေးနှင့် ၎င်း၏အခန်းကဏ္ဍကို သတ်မှတ်ရန်။
  • ပဋိပက္ခအသွင်ကူးပြောင်းရေးတွင် ပြန်လည်သင့်မြတ်ရေး၏ ရည်ရွယ်ချက်ကို သတ်မှတ်ရန်။
  • ဘာသာရေးက ပြန်လည်သင့်မြတ်ရေးကို ကူညီပံ့ပိုးပေးသည့် နည်းလမ်းများကို ဖော်ပြရန်။
  • ဘာသာရေးအရ ပြန်လည်သင့်မြတ်ရေး၏ စိန်ခေါ်မှုများကို ဖော်ထုတ်ရန်။
  • ဘာသာရေးဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ကျား-မရေးရာ ပါဝင်မှု၏ အရေးပါမှုကို ဖော်ထုတ်ရန်။
  • ကျား-မရေးရာ နှင့် ဘာသာရေး နှင့်ပတ်သက်၍ သင့် ပုဂ္ဂိုလ်ရေးယုံကြည်ချက်များ၏ အကျိုးသက်ရောက်မှုကို နားလည်ရန်။
  • ဘာသာရေးဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုမှ တဆင့် ကျား-မအခြေပြုအကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများကို အသိအမှတ်ပြုရန်။

နောက်စာမျက်နှာ  ယခင်စာမျက်နှာ