ဤသင်ခန်းစာတစ်လျှောက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖြစ်စဥ်လေ့လာမှုမှတစ်ဆင့် ဘာသာရေး၊ ပဋိပက္ခ၊ ငြိမ်းချမ်းရေး တို့ ဆက်စပ်ဖြတ်သန်းမှုဆိုင်ရာ အတွေးအခေါ်အချို့ကို လေ့လာသွားမည်ဖြစ်သည်။ ၁၉၄၈ ခုနှစ်၌ ထိုင်းတောင်ပိုင်း တွင် စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်ပဋိပက္ခသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများစွာ ပြုလုပ်နေခဲ့လင့်ကစား မကြာသေးခင်နှစ်များအတွင်း ပိုမို ကြမ်းတမ်း ရှုပ်ထွေးလာခဲ့သည်။ ပဋိပက္ခသည် ဘာသာရေးနှင့် လူမျိုးရေး ကွဲပြားမှုပေါ် များစွာတည်နေသည်။ တစ်ဖက်တွင် ထိုင်းအစိုးရသည် ထိုင်းဗုဒ္ဓဘာသာဝင်များကို ကိုယ်စားပြုသည်ဟု ရှုမြင်ကြသည်။ အခြားတဖက်တွင်မူ မလေးမူဆလင်အုပ်စုများက ခွဲခြားဆက်ဆံခံရသည်ဟု ရှုမြင်သည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် ကြိုးပမ်းနေကြသည်။ ဤအခန်းတွင် အဆိုပါ ပဋိပက္ခ၏ သမိုင်းကြောင်း ၊ အရင်းခံအကြောင်းတရားများနှင့် လက်တလော အခြေအနေများကို တင်ပြသွားပါမည်။

ဤအခန်း၏ ရည်ရွယ်ချက်မှာ ဘာသာရေးသည် ပဋိပက္ခကို မည်သို့ ပုံသွင်းကြောင်း လေ့လာရန်ဖြစ်သည်။ ဤအခန်းတွင် ပဋိပက္ခအခြေအနေများ ဆက်စပ်နေသော ဘာသာရေး အမျိုးအစားများ သို့မဟုတ် ရှုထောင့်များကို အထူးသဖြင့် လေ့လာသွားမည်ဖြစ်ပြီး ပဋိပက္ခအခင်းအကျင်းတစ်ခုခုတွင် ဘာသာရေးကို သုံးသပ်ဆင်ခြင်နိုင်ရန် ကျွမ်းကျင်သူများက လက်တွေ့အသုံးချနိုင်မည့် နည်းစနစ်များ မျှဝေပေးသွားပါမည်။ ထိုင်းတောင်ပိုင်း ပဋိပက္ခတွင် ဘာသာရေး၏ အခန်းကဏ္ဍကို လေ့လာသုံးသပ်တင်ပြသွားပါမည်။

သင်ခန်းစာရည်ရွယ်ချက်

  • ပဋိပက္ခနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့တွင် ဘာသာရေး၏ မည့်သည့်အချက်များကို ထည့်သွင်းစဥ်းစားသင့်ကြောင်း လေ့လာရန်
  • ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတို့တွင် ဘာသာရေးကို သုံးသပ်ဆင်ခြင်နိုင်ရန် ကျွမ်းကျင်သူများထံမှ လက်တွေ့ အသုံးချ နည်းစနစ်များ သင်ယူရန်

နောက်စာမျက်နှာ  ယခင်စာမျက်နှာ