ဆူဇန်ဟေးဝဒ်

ဝေါဟာရ အသုံးအနှုန်း

အဓိက အယူအဆ

ကမ္ဘာကြီးသည် ဘာသာရေးကိုင်းရှိုင်းသော နေရာကြီးဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၈၀% ကျော်သည် ဘာသာတရားတစ်ခုခု၏ လိုက်နာကျင့်ကြံသူများအဖြစ် သူတို့ကိုယ် သူတို့ ဖော်ပြကြသည်။ ဘာသာရေး အတွေးအခေါ်များ၊ ဘာသာရေးပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများသည် အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေး နှစ်ခုလုံးကို မောင်းနှင်သည်။

သင်ခန်းစာ အကြောင်းအရာ

အဓိက အယူအဆ

ဘာသာရေး သက်ဝင်လှုပ်ရှားမှုများကို နားလည်ခြင်းနှင့် ဘာသာတရားနယ်ပယ်ကို ထိတွေ့ဆက်သွယ်ခြင်းသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်ရန် မရှိမဖြစ် အခြေခံကျသည်။ ဘာသာတရားသည် ရှုပ်ထွေးနက်နဲ၍ အင်အားကောင်းသော လူမှုရေးနှင့် နိုင်ငံရေးအင်အားဖြစ်သည်။ ၎င်းသည် အကြမ်းဖက်ခြင်းနှင့်သော်လည်းကောင်း ၊ ငြိမ်းချမ်းရေးနှင့်သော်လည်းကောင်း တပြိုင်တည်းဆက်စပ်နေသည်။

လေပွေမွေ့နေသည့် ကမ္ဘာကြီး၌ ဘာသာတရား၏ ပါဝါ

ကမ္ဘာတစ်ဝှမ်းတွင် ပဋိပက္ခအခြေအနေများအပေါ် လွှမ်းမိုးသည့် ဘာသာတရား၏ သြဇာကို ထောက်ရှုခြင်းအားဖြင့် လက်တွေ့လုပ်ဆောင်သူများနှင့် မူဝါဒချမှတ်သူများအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဘာသာရေးခေါင်းဆောင်များ ၊ ဘာသာဝင်များကို နားလည်ရန် ၊မိတ်ဖွဲ့ရန် အရေးကြီးသည်။

 

 

ပြန်လှန်သုံးသပ်ခြင်း

ဘာသာတရားသည် သင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် မည်သို့ ခွန်အားပေး သို့မဟုတ် သြဇာလွှမ်းမိုးပါသလဲ။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ