ကြားဝင်ဖျန်ဖြေခြင်း မိတ်ဆက်

အဓိက အယူအဆ

ဘာသာရေး ဓလေ့ထုံးစံများတွင် ကြားဝင်ဖြန်ဖြေရေး သို့မဟုတ် တတိယပုဂ္ဂိုလ်က ကြားဝင်ပေးခြင်း ဆိုင်ရာဥပမာများစွာ ပါဝင်နေပြီး ၎င်းတို့ကို ပဋိပက္ခဖြေရှင်းရန် နည်းလမ်းအဖြစ် အသုံးပြုကြသည်။ အချို့က ကြားဝင်ဖြန်ဖြေမှု မည်သို့ပြုလုပ်သင့်သည် ဆိုသည်ကို အထူးတလည် လမ်းညွှန်ထားကြသည်။

အဓိက အယူအဆ

ဘာသာရေး အထင်ကရ ပုဂ္ဂိုလ်များတွင် ပုပ်ရဟန်းမင်းကြီး ၊ တမန်တော် မိုဟာမဒ် နှင့် ဗုဒ္ဓတို့သည့် ပဋိပက္ခဖြစ်ပွားချိန်တွင် ကြားဝင်ဖြန်ဖြေခဲ့ကြသူများ ဖြစ်သည်။

နက်နက်နဲနဲရှာဖွေလေ့လာခြင်း - ဘာသာရေးနှင့် ကြားဝင်ဖျန်ဖြေခြင်း

အဓိက အယူအဆ

ဘာသာရေးအရ ကြားဝင်ဖြန်ဖြေသူများတွင် အချို့သော လောကီ ဖြန်ဖြေပေးသူများတွင် မရှိသည့် ကျင့်ဝတ်သိက္ခာ မြဲမြံခြင်း ၊ ဘာသာရေး အဆုံးအမများ နှင့် သက်ဆိုင်ရာ အုပ်စုများကို တိုက်တွန်းအားပေးရာတွင် အသုံးပြုနိုင်သည့် ဘာသာရေး ဇာတ်ကြောင်း ပုံပမာများ ကဲ့သို့သော အရေးကြီးသည့် ထိတွေ့ကိုင်တွယ်မရနိုင်သော အရင်းအမြစ်များရှိသည်။

လက်တွေ့အသုံးချလမ်းညွှန်

တစ်ဦးကိုတစ်ဦး ယုံကြည်ကြသည့် အုပ်စုများသည် စိတ်ရင်းစေတနာဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ခြေ ပိုမိုရှိကြသကဲ့သို့ သဘောတူညီချက်များကိုလဲ အကောင်အထည်ဖော်နိုင်ခြေ ပိုမိုမြင့်မားသည်။ ဘာသာရေးအရ ကြားဝင်ဖြန်ဖြေခြင်းက အဆိုပါ ယုံကြည်မှုမျိုးတည်ဆောက်ရန် အထောက်အကူပြုသည်။

လက်တွေ့အသုံးချလမ်းညွှန်

ဘာသာရေးအရ ကြားဝင်ဖြန်ဖြေခြင်းသည် ပဋိပက္ခအားလုံးနှင့် လူမှုအသိုင်းအဝိုင်း အားလုံးတွင် အလုပ်ဖြစ်နိုင်သည် မဟုတ်ပေ။ ဘာသာရေးအရ ကြားဝင်ဖြန်ဖြေခြင်းက သင့်လျော်ထိရောက်မှု ရှိမရှိကို အခင်းအကျင်းတစ်ခုစီအလိုက် ရှေးဦးစွာ ဆန်းစစ်ရန် လိုအပ်သည်။

ပြန်လှန်သုံးသပ်ခြင်း

ဘာသာရေးက အထောက်အပံ့ပြုသော ကြားဝင်ဖြန်ဖြေခြင်း - သင့် ဘာသာတရား သို့မဟုတ် သင်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော ဘာသာတရားတစ်ခုခုကိုစဥ်းစားကြည့်ပါ။ အဆိုပါ ဘာသာတရားရှိ ကြားဝင်ဖြန်ဖြေခြင်း လုပ်ငန်းစဥ်ကို အထောက်အကူနိုင်မည့် အတွေးအခေါ် ၊ ဇာတ်ကြောင်း သို့မဟုတ် အလေ့အထများကို စဥ်းစား၍ ဖော်ပြဆွေးနွေးပါ။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ