ဤအခန်းတွင် ဘာသာတရားနှင့် ဘာသာရေးပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ နှင့် အတွေးအခေါ်များသည် ပဋိပက္ခကို မည်သို့ မည်ပုံ လွှမ်းမိုးသည် နှင့် ငြိမ်းချမ်းရေးတည်ဆောက်သူများအနေဖြင့် ပဋိပက္ခနှင့်ပတ်သက်၍ ဘာသာရေး ရှုထောင့်မှ နားလည်ရန် ၊ ဆက်သွယ်ထိတွေ့လုပ်ဆောင်ရန် အရေးကြီးပုံတို့ကို မိတ်ဆက် တင်ပြထားသည်။

သင်ခန်းစာရည်ရွယ်ချက်များ

  • ဘာသာရေး ၊ ပဋိပက္ခ နှင့် ငြိမ်းချမ်းရေးတို့အကြား ဆက်သွယ်မှုကို မိတ်ဆက်ပေးရန်
  • ငြိမ်းချမ်းရေးတည်ဆောက်သူများအနေဖြင့် ပဋိပက္ခ၏ ရှုထောင့်တစ်ခုဖြစ်သော ဘာသာရေး ရှုထောင့်ကို နားလည်ရန် နှင့် ထိတွေ့ဆက်ဆံရန် အဘယ့်ကြောင့် အရေးကြီးကြောင်း ရှင်းပြရန်
  • ဘာသာတရားတို့သည် မတူညီသော အခင်းအကျင်းအသီးသီးတွင် မည်သို့ ရှင်သန် လည်ပတ်ပုံနှင့် တည်တံ့နေပုံတို့ကို လေ့လာရန်

နောက်စာမျက်နှာ  ယခင်စာမျက်နှာ