အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်း

အမျိုးသမီးများ၏ ဗျူဟာ

လက်တွေ့အသုံးချလမ်းညွှန်

အမျိုးသမီးနှင့် အမျိုးသားတို့သည် အကြမ်းဖက်မှုကို ကွဲပြားစွာ တွေ့ကြုံရသကဲ့သို့ သက်ရောက်မှုကလည်း ကွဲပြားပါသည်။ ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းများကို ဒီဇိုင်းရေးဆွဲရာတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ သီးခြား ဦးစားပေး လိုအပ်ချက်များကို စဥ်းစားထည့်သွင်းရန် သေချာစေရမည်။

အခမ်းအနား - အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ငြိမ်းချမ်းရေးနှင့် အလဲအလှယ်ပြုခြင်း- ဘာသာရေးသည် ခွန်အားရင်းမြစ် တစ်ခု သို့မဟုတ် အတားအဆီး တစ်ခု ဖြစ်ပါသလား?

ဤအခမ်းအနားသည် ငြိမ်းချမ်းရေးတည်ဆောက်ရန် အမျိုးသမီးများ၏ ချဉ်းကပ်မှုများနှင့် လုပ်ငန်းများ ဆိုသည့် ၂ ရက်တာ နှီးနှောဖလှယ်ပွဲ အဆုံးသတ်အခမ်းအနားဖြစ်သည်။ ဘာသာရေး၏ အခန်းကဏ္ဍများကို အလေးထား၍ ငြိမ်းချမ်းရေးအတွက် ပိုမို ထိရောက်သည့် လုပ်ငန်းများကို ပြုလုပ်ရန် စည်းဝေးပွဲ တက်ရောက်လာသူများသည် မိမိတို့၏ ကောက်ချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်ကူးစိတ်သန်းများကို ပရိတ်သတ်များနှင့်အတူ ပြန်လည် သုံးသပ်ခဲ့ကြသည်။ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ နှင့် အခမ်းအနားသည် ပွဲ တက်ရောက်သူများနှင့် ပွဲမတက်ရောက်နိုင်ခဲ့သည့် အခြားခေါင်းဆောင်များ၏ တွေ့ဆုံမေးမြန်းမှုများ အပါအဝင် ပိုမိုကြီးမားသည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အခမ်းအနားတွင် အာဖရိက၊ အရှေ့အာရှ၊ အရှေ့အလယ်ပိုင်း နှင့် မြောက်အမေရိက အပါအဝင် မတူညီသည့် ကမ္ဘာ့ဒေသအသီးသီးမှ မတူညီသည် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ထုံးတမ်းစဉ်လာရှိကြသည့် အတတ်ပညာရှင်များ၊ စာပေပညာရှင်များ နှင့် မူဝါဒချမှတ်သူများ အတူတကွ တွေ့ဆုံစေနိုင်ခဲ့သည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၊ အမေရိကန်အစိုးရဌာန နှင့် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းများစွာ တက်ရောက်ခဲ့ကြသည်။ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို ဘာကလေ ဘာသာရေး၊ ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ရေးရာ စင်တာ ( Berkley Center for Religion, Peace, and World Affairs)၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့(United States Institute for Peace) နှင့် ကမ္ဘာ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဖွံ့ဖြိုးရေး စကားဝိုင်း( World Faiths Development Dialogue) တို့က ပူးတွဲ ကမကထ ပြုခဲ့ကြသည်။

ပြန်လှန်သုံးသပ်ခြင်း

ကျား-မ စံသတ်မှတ်များကြောင့် ဆန့်ကျင်မှု- သူမ နိုင်ငံရေးသမား ဖြစ်ချင်ခဲ့တုန်းက သူမရပ်ရွာအသိုင်းအဝိုင်း၏ ဆန့်ကျင်မှုကို ကြုံတွေ့ခဲ့ရသည်ဟု တက်စနင်(Tusnim ) က ပြောသည်။ အချို့သော ရပ်ရွာအသိုင်းအဝိုင်း အဖွဲ့ဝင်များက အမျိုးသမီးဆိုတာ အိမ်ထဲမှာသာ နေရမည် ဟု ယူဆကြသည်။ မူဆလင်အမျိုးသမီးများသည် လူထုစံပြပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်ဆိုတာကို သာဓကပြရန် အိုက်ရှာ ဆိုသည့် သမိုင်းဝင် ဘာသာရေးဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်ကို တက်စနင်က ညွှန်ပြခဲ့သည်။ လူထုခေါင်းဆောင်အနေဖြင့်ရော ငြိမ်းချမ်းရေးတည်ဆောက်သူအနေဖြင့်ပါ ဆောင်ရွက်ခဲ့သူ သင့် ဘာသာရေး ထုံးတမ်းစဉ်လာမှ သမိုင်းဝင် သို့မဟုတ် မျက်မှောက်ခေတ် သို့မဟုတ် သင် ရင်းနှီးကျွမ်းဝင်သည့် အမျိုးသမီး တစ်ယောက်ယောက် ကို စဉ်းစားမိပါသလား? သူမသည် ကျား-မစံသတ်မှတ်ချက်များကို ချိုးဖောက်နေသည်ဟု ယူဆကြသည့် သူမ၏ ဘာသာရေးအသိုင်းအဝိုင်းမှ အခြားသူများ၏ ဆန့်ကျင်မှုကို သူမ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသလား?


နောက်စာမျက်နှာ  ယခင်စာမျက်နှာ