အကြမ်းမဖက်မူဝါဒခြောက်ခု

“သင်သည် လူတွေကို တွန်းလှန်ဖို့ လိုအပ်တယ်လို့ ပြောပြနိုင်တယ်၊ ဒါပေမဲ့ အင်အားမဲ့သူများက သူတို့အနေနဲ့ အပြောင်းအလဲကို အမှန်တစ်ကယ်လုပ်နိုင်တယ်ဆိုတာ စမြင်လာပြီဆိုရင် ဘယ်အရာကမှ သူတို့ဆန္ဒမီးကို ငြှိမ်းသတ်နိုင်မှာ မဟုတ်တော့ဘူး။”

— Leymah Gbowee —

အင်တာဗျူး - ကင်ဂျီရမ်အကြမ်းမဖက်မှုအဆင့်ခြောက်ဆင့်

ဒီအင်တာဗျူးတွင်၊ ကင်ဂျီရမ်အကြမ်းမဖက်မှုလေ့ကျင့်ပေးသူ နှင့် အရှေ့ပိုင်းငြိမ်းချမ်းရေးသင်တန်းကျောင်း၏တည်ထောင်သူ ကဇူ ဟာဂသည် ကင်ဂျီရမ်အကြမ်းမဖက်မှု၏အဆင့်ခြောက်ဆင့်ကိုအကြမ်းဖျင်းဖော်ပြထားသည်။

–စုံစမ်းစစ်ဆေးခြင်း၊ ပညာရေး၊ နစ်မြှပ်ထားခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း၊ တိုက်ရိုက်လှုပ်ရှားမှု နှင့် ပြန်လည်စေ့စပ်ညှိနှိုင်းခြင်း။ ဒီအဆင့်များသည် လူမှုရေး၊ နိုင်ငံရေး နှင့် စီးပွားရေးပြောင်းလဲမှုရရှိခြင်းအတွက်အကြမ်းဖက်မှု၏ကျယ်ပြန့်သောမူဝါဒများအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနည်းလမ်းများဖြစ်သည်။

ဘာမင်ဟမ် ထောင်မှ ပေးစာ

၁၉၆၃ ခုနှစ် နွေဦးရာသီတွင် ဒေါက်တာမာတင်လူသာကင်းနှင့် တောင်ပိုင်းခရိယာန်ခေါင်းဆောင်များ ညီလာခံ (Southern Christian Leadership Conference (SCLC) တို့ကို ပြည်ထောင်စုအတွင်း အသားအရောင်ခွဲခြားမှု အပြင်းထန်ဆုံးဖြစ်သည့် အလာဘားမားပြည်နယ် ဘာမင်ဟန်သို့ ဖိတ်ကြားခံရသည်။ အဘ​ယ့်ကြောင့်ဆိုသော် လူမည်းအသိုင်းအဝိုင်းခေါင်းဆောင်များသည် မြို့တော်၏ စီးပွားရေးခေါင်းဆောင်များနှင့် အစိုးရအကြီးအကဲများနှင့် အသားအရောင်ခွဲခြားမှု ပယ်ဖျက်ရေးကို ဆွေးနွေးညှိနှိုင်း၍ မရနိုင်ပဲဖြစ်နေသည်။ ကင်းနှင့် SCLC တို့သည် မြို့လယ်ရှိ စီးပွားရေးလုပ်ငန်းများ နှင့် လူဖြူ ဘုရားရှိခိုးကျောင်းများတွင် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများ ၊ ထိုင်သပိတ်များ လုပ်ဆောင်၍ အများပြည်သူ စိတ်ဝင်စားမှုရရှိစေရန်နှင့် စာနာကြင်နာမှု ရရှိစေရန် မျှော်လင့်ကြသည်။ ဧပြီလ ၁၀၊ ၁၉၆၃တွင် ဘာမင်ဟမ်သည် ဆန္ဒပြမှုများကို တားမြစ်သည့် တရားဝင်အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင် ဆန္ဒပြသူများသည် တိုက်ရိုက် ပြည်သူ့အာခံမှုအဖြစ် ပြောင်းလဲခဲ့သည်။ ဧပြီလ ၁၂ ရက်တွင် ကင်းအပါအဝင် အခြားလူအယောက် ၅၀ အဖမ်းခံခဲ့ရပြီး အမိန့်ဖီဆန်မှုဖြင့် ထောင်ချခံခဲ့ရသည်။ နောက်တစ်နေ့တွင် သဘောထားပျော့ပြောင်းသူ အလာဘားမား ခရိယာန်ဘုန်းတော်ကြီး ရှစ်ပါးအဖွဲ့က ပြည်သူအာခံမှု နှင့် ထိပ်တိုက်ရင်ဆိုင်သော ဆန္ဒပြခြင်းများအား ဝေဖန်ထားသည့် “စည်းလုံးရေး ဖိတ်ခေါ်သံ” ဟုခေါင်းစဥ်တပ်ထားသော အိတ်ဖွင့်ပေးစာကို ထုတ်ပြန်ခဲ့သည်။ ဘုန်းတော်ကြီးများက ညှိနှိုင်းဆွေးနွေးမှုများကို အသစ်ပြန်လည်ပြုလုပ်ရန် နှင့် တရားရုံးက တည်ဆဲ အမိန့်ဥပဒေများကို တရားဝင်ပယ်ဖျက်ခြင်း မပြုချိန်အထိ အဆိုပါ ဥပဒေများကို လိုက်နာကြရန် တောင်းဆိုခဲ့သည်။ ရက်အနည်ငယ်ကြာပြီးနောက် ဧပြီလ ၁၆ရက်နေ့တွင် ထောင်တွင်း အကျဥ်းကျနေသည့် ကင်းက ခရိယာန်ဘုန်းတော်ကြီးရှစ်ပါး နှင့် ၎င်းတို့၏ “စည်းလုံးရေးဖိတ်ခေါ်သံ” ပေးစာပါ သတိရှိရေး၊ နာခံရေး နှင့် တစ်ဆင့်ချင်း တိုးတက်လာရေး တို့ကို ပြန်လည်ချေပသည့် အိတ်ဖွင့်ပေးစာကို ရေးသားခဲ့သည်။

ဒေါက်တာကင်းက သူ၏စာထဲတွင် “ခင်ဗျားတို့က မေးကြလိမ့်မယ်၊ ‘ ဘာကြောင့်တိုက်ရိုက်လှုပ်ရှားမှုလဲ၊ ဘာကြောင့် ထိုင်သပိတ်၊ ချီတက်ပွဲ၊ စတာတွေလုပ်တာလဲ? ညှိနှိုင်းဆေးနွေးတာ ပိုမကောင်းဘူးလား? စသဖြင့်ပေါ့’ ညှိနှိုင်းဆွေးနွေးရမယ်လို့ ခင်ဗျားတို့ပြောတာ လုံးဝမှန်တယ်။ တကယ်တော့ ဒါက တိုက်ရိုက်လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အကြမ်းမဖက် တိုက်ရိုက်လှုပ်ရှားမှုက အဲ့ဒီလို အကျပ်အတဥ်းကို ဖန်တီးပြီး၊ အဲ့ဒီလို တင်းမာမှုကို ဖော်ထုတ်ပြီး စေ့စပ်ညှိနှိုင်းဖို့ အဆက်မပြတ် ငြင်းဆန်နေခဲ့တဲ့ လူ့အဖွဲ့အစည်းကို ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး ရှောင်ထွက်သွားလို့မရအောင် ဖိအားပေးတာပါ။ တင်းမာမှုတွေ ဖန်တီးတာဟာ အကြမ်းမဖက် အာခံမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲလို့ ကျွန်တော် ရည်ညွှန်းချင်ပါတယ်။ ဒီလိုပြောလိုက်လို့ ထိတ်လန့်ချင်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ တင်းမာတယ်ဆိုတဲ့ စကားကို မကြောက်ဘူးဆိုတာ ဝန်ခံရပါမယ်။ ကျွန်တော်အနေနဲ့ အကြမ်းဖက်တင်းမာမှုတွေကို တောက်လျှောက်ဆန့်ကျင် ဟောပြောနေခဲ့သူပါ၊ ဒါပေမယ့် အပြုသဘောဆောင်တဲ့ အကြမ်းမဖက် တင်းမာမှုကတော့ ကြီးထွားလာဖို့ လိုအပ်ပါတယ်။”

Martin-luther-king-statue

ဝါရှင်တန် ဒီစီ ရှိ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ၏ အထိမ်းအမှတ် ရုပ်ထု ကင်းသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်သူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော် တိုက်ပွဲဝင်ခဲ့ပြီး ၎င်း၏ အကြမ်းမဖက် မူဝါဒများအပေါ် ဘဝတစ်သက်တာလုံး မြုပ်နှံကြိုးစားခဲ့သည်။ ( ဓါတ်ပုံ - USIP)


ဆန္ဒပြုရန် မ - သင်သည် အကြမ်းမဖက်လှုပ်ရှားမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်ပွဲတွင်ပါဝင်ခဲ့ဖူးပါသလား?

  • ဟုတ်ကဲ့
  • ဟင့်အင်း

ပြန်လှန်သုံးသပ်ခြင်း

အထက်ပါမေးခွန်းကို ဟုတ်ကဲ့ဟု ဖြေဆိုခဲ့ပါက သင်ပါဝင်ခဲ့သည့် အကြမ်းမဖက်လှုပ်ရှားမှု ကမ်ပိန်းအကြောင်း ရှင်းပြပါ။ မည်သည့်နေရာတွင် ပြုလုပ်ခဲ့သလဲ ၊ မည်သို့ လဲ ၊ မည်သည့် တောင်းဆိုမှုလဲ သို့မဟုတ် မည်သည့် အရေးကိစ္စအတွက်လဲ။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ