နည်းကရိယာများ

အဆောက်အဦးတစ်ခု၏ အမိုး သို့မဟုတ် အထွဋ်အထိပ်ကို တည်ဆောက်ရန်အတွက် သင် ကရိယာများ လိုအပ်သည်။ ပြီးခဲ့သည့် သင်ခန်းစာ တွင် ကျွန်ုပ်တို့သည် အကြမ်းမဖက်လှုပ်ရှားမှု၏ မဏ္ဍိုင်များကို စူးစမ်းလေ့လာခဲ့သည်။ ယခု ငြိမ်းချမ်းရေးတည်ဆောက်မှုကို အထောက်အကူဖြစ်စေသည့် အကြမ်းမဖက်မှုဆိုင်ရာ နည်းအမျိုးမျိုး ကို လေ့လာကြည့်ရမည်။ (ဓာတ်ပုံ- Ketut Subiyanto , Pexels )
ဤအခန်းတွင် ကျွန်ုပ်တို့သည် အကြမ်းမဖက်လှုပ်ရှားမှု၏ အဓိကနည်းကရိယာများနှင့် နည်းစနစ်များကို မိတ်ဆက်ပေးထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာ ကြိုးပမ်းမှုများကို အထောက်အကူပြုသည့် နည်းလမ်း သို့မဟုတ် ချဉ်းကပ်မှု အမျိုးမျိုးတို့သည် သင့်အလုပ်တွင် မည်ကဲ့သို့ အံဝင်ခွင်ကျဖြစ်လာနိုင်မည်ကို သင် သိမြင်နိုင်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ပါသည်။