အကြမ်းမဖက် လှုပ်ရှားမှု သင်ခန်းစာမှ ကြိုဆိုပါတယ်။ ကျမနာမည်က ဒေါက်တာ မာရီယာ စတက်ဖန်ဖြစ်ပါတယ်။ သူတို့ကတော့ ဒါရန် ကမ်ဘရေ့ချ် နဲ့ အယ်သီယာ မစ်ဒယ်လ်တန် ဒတ်ဇနာ ဖြစ်ပါတယ်။ ကျမတို့က ဒီသင်ခန်းစာရဲ့ နည်းပြတွေပါ။

ဒီသင်ခန်းစာမှာ အကြမ်းမဖက် လှုပ်ရှားမှုရဲ့ အခြေခံ အချက်အလက်များကို လေ့လာကြပါမယ် ကျမတို့ ဖြစ်စဥ်လေ့လာမှုများစွာနဲ့ အောင်မြင်မှုများ ၊ အားနည်းချက်များကို လေ့လာကြပါမယ် ကျမတို့ ဒီနယ်ပယ်က စွန့်ဦးဖန်တီးသူများ နဲ့ ဒီလုပ်ငန်းစဥ်တွေကို ရှုထောင့်ပေါင်းစုံက လေ့လာနေကြသော ယနေ့ခေတ် ဦးဆောင် တတ်သိပညာရှင်များဆီက ကြားရပါမယ် အကြမ်းမဖက် လုပ်ဆောင်မှုတွေဟာ အကြမ်းဖက်မှုထက် ပိုမိုထိရောက်စေတဲ့ ဗျူဟာ ၊ နည်းပရိယာရ်များ ရဲ့ အဓိက အချက်အလက်အချို့ကို မိတ်ဆက်သွားမှာဖြစ်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ခိုင်မာတဲ့ နည်းစနစ်များကို မိတ်ဆက်ပေးသွားမှာပါ။

ယခု သင်တန်းကို တက်ရောက်လာကြတဲ့အတွက် ကျမတို့ အလွန်ဝမ်းမြောက်ကြပါတယ်

အကယ်၍ မေးခွန်းများ မေးစရာရှိပါက သို့မဟုတ် သင်ခန်းစာ တနေရာရာတွင် အကူအညီလိုအပ်ပါက ကျမတို့ Global Campus ကို globalcampus@usip.org တိုက်ရိုက်အီးမေးလ်ပေးပို့နိုင်ပါတယ်။


နောက်စာမျက်နှာ