end-violence-against-women-protest

မာရီယာသည် သူမ၏ဗီဒီယိုထဲတွင် ဗဟုပါဝါသည် သာမာန်ပြည်သူများအပေါ် မည်သို့ မူတည်ကြောင်း ရှင်းပြထားသည်။ လူ့အဖွဲ့အစည်းတွင်းရှိ ပြည်သူအစုအဖွဲ့များ၏ တက်ကြွလှုပ်ရှားမှုက “ပါဝါကိုင်စွဲထားသူများအပေါ် သိသာထင်ရှားစွာ ဖိအားပေးနိုင်သည် ဟုအနက်ပြန်ဆိုနိုင်သည်”။ အဆိုပါ ဖိအားကို ရေရှည်တောင့်ခံထားလျှင် ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးသို့ ပြန့်နှံ့သွားစေနိုင်လျှင် ပါဝါရှိသူများအနေဖြင့် အာဏာကို ဆက်လက်ကိုင်စွဲထားနိုင်ခြင်း မရှိတော့ပေ။ ( ဓါတ်ပုံ - Mark Garten, UN Photo)


ပါဝါ (အာဏာ) ဆိုသည့် အယူအဆကို စိန်ခေါ်ခြင်း

ပြောစကား

“ပြည်သူတွေကမနာခံလျှင် အုပ်ချုပ်သူသည် မအုပ်စိုးနိုင်ပါ”

—ဂျင်းန်ရှပ် —

အဓိက အယူအဆ

လူအများအပြား ပဋိပက္ခတွင် ပါဝင်နေပြီး ရလဒ်ကိုဆုံးဖြတ်ပေးနိုင်သော်လည်း ၎င်းတို့ကို မဖော်ပြထားပါ၊ အဆိုပါ ဖော်ပြခြင်း မခံရေသာ သူများတွင် အင်အားများစွာရှိကြသည် ။အကြမ်းမဖက်လှုပ်ရှားမှုများသည် ထိုဖော်ပြခြင်းမခံရသော သို့မဟုတ် အသိအမှတ်ပြုမခံရသော အင်အားကို တို့ထိသည် ။

တစ်သမတ်တည်းဖြစ်သော နှင့် ဗဟုစုံ အင်အား (ပါဝါ)

သင်တန်းဆရာ မှတ်စု

ပါဝါအတော်အသင့်ရှိသော လူအချို့၏ သဘောထား ပြောင်းလဲမှုသည် အပြောင်းအလဲကို နှိုးဆွနိုင်ကြောင်း သတိပြုရန် အရေးကြီးပါသည်။ အထူးသဖြင့် အဓိက အရေးပါသူ အထက်တန်းလွှာများ ၊ လက်ရှိအနေအထားတွင် အကျိုးအမြတ်ရရှိ ခံစားနေရသူများက အာဏာရှင်များအပေါ် ၎င်းတို့၏ သဘောတူထောက်ခံမှုကို ရုပ်သိမ်းလိုက်သည့်အခါ ဖြစ်သည်။ ဥပမာအားဖြင့် တောင်အာဖရိက စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်း၏ အဓိက အစိတ်အပိုင်းများက အသားအရောင်ခွဲခြားသော အုပ်ချုပ်သူအစိုးရကို ထောက်ခံမှု ရုပ်သိမ်းလိုက်သည့်အခါ နှင့် ဆာဗီးယားနိုင်ငံ စလိုဗိုဒန် မီလိုဆီဗစ်မှ ရဲတပ်ဖွဲ့၏ အဓိက တပ်ရင်းတပ်ခွဲများ၏ ထောက်ခံမှု မရတော့သည့် အခါများဖြစ်သည်။ အဆိုပါ အာခံမှုသည် အုပ်ချုပ်သူ၏ အဓိက ပါဝါရင်းမြစ်များကို ယုတ်လျော့စေသဖြင့် ၎င်းတို့အပေါ် သိသိသာသာ ထိခိုက်စေသည်။

ပြောစကား

“အကြမ်းမဖက်မှုသည် ရဲစွမ်းသတ္တိရှိသောသူများအတွက် ဘဝရှင်သန်နည်းဖြစ်သည်။”

— ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ —


နောက်စာမျက်နှာ  ယခင်စာမျက်နှာ