အကြမ်းမဖက်မှုတွင် လူများ၏အခန်းကဏ္ဍ
ပူးပေါင်းပါဝင်ခြင်း၏အင်အား
ပြောစကား
ကိစ္စငယ်လေးတွေကို အသေးစိတ် ဗျူဟာမြောက် နည်းလမ်းများအသုံးပြုခြင်းဖြင့် ပိုပြီး လူအများ အာရုံစိုက်မှုရနိုင်တယ်၊ ဆန္ဒပြမယ့်အစား ကိုယ်နဲ့ သဘောထားမတူတဲ့ လူအများနဲ့ ထိတွေ့ဆက်ဆံခွင့်ရနိုင်တယ် ၊ ကိုယ့်အမြင်တွေကို တင်ပြနိုင်မယ် ၊ သင်က သတင်းစကားကို ပုံစံတစ်မျိုးနဲ့ ဖြန့်ဖြူးနေတာပဲ ဖြစ်တယ်”
ဂဟာရန်ဒို ဂိုဇာရက်ဇ်

ဇန်နဝါရီလ ၂၆၊ ၂၀၁၉ ၊ ဗန်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့တော်တွင် ထောပတ်နှင့် ပါစတာ ဝယ်ရန် စောင့်ဆိုင်းနေသော ရှည်လျားသည့် လူတန်းကြီး။ ဂဟာရန်ဒို ဂိုဇာရက်ဇ်က အဆိုပါ တန်းစီနေကြသော လူများနှင့် ပြောဆိုဆက်သွယ်၍ ဗန်နဇွဲလားတွင် ဖြစ်ပွားနေသည့် ဖိနှိပ်မှုများအား အကြမ်းမဖက် တွန်းလှန်မှု သတင်းစကား ဖြန့်ဝေရာတွင် မည်သို့ အကျိုးဖြစ်ထွန်းခဲ့ကြောင်း တင်ပြခဲ့သည် ။ ( ဓာတ်ပုံ -Meredith Kohut, New York Times)
ရဲစွမ်းသတ္တိရှိသော နောက်လိုက်အပေါင်းအပါများ
ဗီဒီယို- လှုပ်ရှားမှုတစ်ခု စတင်နည်
၂၀၁၀ ခုနှစ် TED talk တွင် ဂီတပညာရှင် ဒဲရက်ခ် ဆေးဗားက ပထမဆုံးနောက်လိုက်၏ အရေးပါမှုနှင့် ပါဝါကို ထင်ရှားသိသာစေရန် ဖျော်ဖြေပွဲတစ်ခုတွင် တစ်ယောက်တည်း ကနေသည့် အမျိုးသားတစ်ဦး၏ ဗီဒီယိုဖိုင်ကို ပြသခဲ့သည်။
သူက ခေါင်းဆောင်မှုကို အလွန်အမင်း ဂုဏ်တင်နိုင်သော်လည်း လှုပ်ရှားမှုတစ်ခုကို အမှန်တကယ်စတင်ရာတွင် နောက်လိုက်မှုကသာ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်နိုင်သည်ဟု သူက စောဒကပြုသည်။