protest-image

အောင်မြင်မှုရရှိရန် အကြမ်းမဖက်လှုပ်ရှားမှု ကမ်ပိန်းများတွင် စေ့စပ်ညှိနှိုင်းခြင်း နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကဲ့သို့သော ငြိမ်းချမ်းရေးတည်ဆောက်ခြင်း စွမ်းရည်များ လိုအပ်သည်။ လူအများအား တူညီသောရည်မှန်းချက်ပန်းတိုင်တစ်ခုအတွက် အတူတကွစုစည်းခြင်းသည် ပထမခြေလှမ်းဖြစ်သည်။ အဆိုပါ စွမ်းရည်များကို ပေါင်းစပ်ထည့်သွင်းခြင်းသည် အဖွဲ့အစည်းအတွက် နောက်ထပ်ခြေလှမ်းဖြစ်ပြီး အထက်ပါပုံတွင် တွေ့မြင်ရသည့် အနောက်ပိုင်းဒါဖာမှ ဆန္ဒပြသူများ လိုလားသကဲ့သို့ ပန်းတိုင်များကိုရရှိရန် ဖြစ်သည် ။ (ဓါတ်ပုံ - Albert Gonzalez Farran, UN Photo)


ကင်ဂျီရမ်အကြမ်းမဖက်မူ - သမိုင်းကြောင်းနှင့် အခြေအနေ

အခမ်းအနား - ‘လူထုပါဝါ’ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း _ ၎င်းတို့ပူးပေါင်းဆောင်ရွက်နိုင်သလား?

မကြာသေးခင်နှစ်များအတွင်း တူနီရှား နှင့် အီဂျစ်မှသည် နီပေါလ် သို့မဟုတ် လိုက်ဘေးရီးယားအထိ နိုင်ငံရေး နှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဖိအားပေးသည့် အကြမ်းမဖက်လှုပ်ရှားမှုများသည် လမ်းများတွင် ပြည့်နှက်နေခဲ့ပြီး ကြွေးကျော်သံများ တုန်ဟည်းနေခဲ့သည်။ ယင်းကဲ့သို့သော ပြည်သူ့ အာခံမှု ကမ်ပိန်းများသည် ငြိမ်းချမ်းရေးတည်ဆောက်သူများ လက်တွေ့အသုံးချ သင်ကြားပေးနေသည့် စေ့စပ်ညှိနှိုင်းခြင်း နှင့် တွေ့ဆုံဆွေးနွေးခြင်း အရည်အသွေးများ လိုအပ်သည်။ အကြမ်းမဖက်လှုပ်ရှားမှု နှင့် ပဋိပက္ခ ဖြေရှင်းခြင်း နယ်ပယ်များသည် ဆယ်စုနှစ်ပေါင်းများစွာ သီးခြားစီ တိုးတက်ပြောင်းလဲလာနေခဲ့ပြီး တွေ့ရှိချက်အသစ်များအရ လူမှုပဋိပက္ခများကို အကြမ်းဖက်မှုသို့ ပြောင်းသွားခြင်းမှ ကာကွယ် ရန် နှင့် အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်းများတည်ဆောက်နိုင်ရန် ယင်းနှစ်ခုကို ပေါင်းစပ်ရန် လိုအပ်သည်။ USIP နှင့် လုပ်ဖော်ကိုင်ဖက်များသည် အဆိုပါ သုတေသန တွေ့ရှိချက်များအား လေ့လာသုံးသပ်၍ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရယူနိုင်ရန် သီးခြားဖြစ်နေသည့် လမ်းနှစ်သွယ်အား မည်သို့ ပေါင်းစပ်နိုင်မည်ကို ဆွေးနွေးခဲ့ကြသည် ။

အခမ်းအနား - ပြည်သူအာခံမှု နှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း _ ၎င်းတို့မည်သို့ဆက်စပ်နေသလဲ

စုစည်းထားသော အကြမ်းမဖက် လူထုလှုပ်ရှားမှုများသည် တစ်ခါတစ်ရံတွင် ဆန္ဒပြပွဲများနှင့် သပိတ်မှောက်ခြင်းကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်မှု များ ၊ အနှောင့်အယှက်ဖြစ်စေသော နည်းလမ်းများကို အသုံးပြုကြသော်လည်း အဆိုပါ ကမ်ပိန်းများသည် ဒီမိုကရက်တစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် ငြိမ်းချမ်းရေးကို အထောက်အကူပြုကြသည်။ ဤအခမ်းအနားတွင် ပြည်သူ့အာခံမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နယ်ပယ်နှစ်ခု၏ ပေါင်းဆုံရာကို လေ့လာဆွေးနွေးခဲ့ကြသည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ