ကျား-မ ရေးရာ (ဂျန်ဒါ) အားလုံးပါဝင်မှု
ကျား-မရေးရာ အားလုံးပါဝင်သည့် ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှု မိတ်ဆက်
အဓိက အယူအဆ
ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ကျား-မရေးရာ အားလုံးပါဝင်သည့် နည်းလမ်းများ ၏ အတိအကျ ပုံသဏ္ဍာန်နှင့် ခံစားချက်များမှာ ဒေသန္တရ ဘာသာရေး ဓလေ့ထုံးစံများနှင့် နိုင်ငံရေး အခြေအနေပေါ် မူတည်၍ သိသိသာသာ ကွဲလွဲပါလိမ့်မည်၊ ကွဲလွဲရန်လည်း လိုအပ်ပါသည်။
အဓိက အယူအဆ
ဘာသာရေးဆိုင်ရာ အနက်ဖွင့်ဆိုချက်များနှင့် ဓလေ့ထုံးစံများကို အမျိုးသမီး ငြိမ်းချမ်းရေးဖော်ဆောင်သူများ၏ ဦးဆောင်မှုကို ကန့်သတ်တားဆီးခြင်းအပါအဝင် ကျား-မအခြေပြု ခွဲခြားဆက်ဆံမှုများကို မှန်ကန်သင့်လျော်ကြောင်း ဆင်ခြေပေးရာတွင် အကြိမ်ကြိမ် အသုံးပြုခဲ့ကြပြီး ကျား-မ အခြေပြု အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုခဲ့ကြသည်။ သို့ရာတွင် ဘာသာရေးသည် ခွန်အားပေးရာ ၊ တိုက်တွန်းလှုံ့ဆော်ရာ ရင်းမြစ်တစ်ခုလဲ ဖြစ်နေပြီး အမျိုးသား ၊ အမျိုးသမီးနှစ်မျိုးလုံးက ၎င်းတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းများကို ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ဘာသာရေးအဆုံးအမများကို ကိုးကားအသုံးပြုကြသည်။
လက်တွေ့အသုံးချလမ်းညွှန်
သင်၏ ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် ကျား-မ အားလုံးပါဝင်စေရန် အောက်ပါ အချက်များက အထောက်အကူပြုနိုင်ပါသည် - ၁) ထင်မြင်ယူဆချက်များ ပြုလုပ်နေမည့်အစား ဒေသန္တရ ကျား-မ အခန်းကဏ္ဍနှင့် အမျိုးသား နှင့် အမျိုးသမီးတို့၏ သြဇာရင်းမြစ်များကို နားလည်စေရန် မေးခွန်းများမေး၍ နားထောင်ပေးခြင်း ၊ ၂) စီမံကိန်း ဒီဇိုင်း ၊ အကောင်အထည်ဖော်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဥ် အဆင့်တိုင်းတွင် ကျား-မရေးရာ သိနားလည်မှု မှန်ဘီဘူးကို အသုံးပြုခြင်း ၊ ၃) တစ်လျှောက်လုံးတွင် အဆက်မပြတ် သုံးသပ်ဆင်ခြင်ခြင်းနှင့် တုန့်ပြန်ခြင်း - ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းများတွင် ကျား-မရေးရာ အပြောင်းအလဲများကို အသိအမှတ်ပြုရခြင်းသည် ရှုပ်ထွေးနိုင်ပါသည်။
နောင်တက်လာမည့် နိုင်ဂျီးရီးယား အစိုးရအနေဖြင့် ဘိုကိုဟာရမ် အစွန်းရောက် အုပ်စုအပေါ် ပြတ်ပြတ်သားသား ဆောင်ရွက်ရန် နိုင်ငံရေးဆန္ဒ ရှိဖို့ လိုအပ်သည်ဟု သင်းအုပ်ဆရာမ အက်စ်သာ အဘီမိခု အီဘန်ဂါ (Esther Abimiku Ibanga) က မတ်လ ၂၈ ရက် နိုင်ငံတော် သမ္မတရွေးကောက်ပွဲမတိုင်မီ ပြောကြားခဲ့သည်။ နိုင်ဂျီးရီးယား မြောက်ပိုင်း ကုန်းပြင်မြင့်နိုင်ငံမှ လူထုအဖွဲ့အစည်းခေါင်းဆောင် အီဘန်ဂါ (Ibanga)ကို မကြာသေးခင်က ဂုဏ်သိက္ခာရှိသော နီဝါနော (Niwano) ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့သည်၊ အဆိုပါဆုကို သူမ၏ ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများနှင့် အမျိုးသမီး စွမ်းဆောင်မှုနဲ့ ငြိမ်းချမ်းရေး တိုးမြှင့်ရန် အားထုတ်မှုများအတွက် ဂုဏ်ပြုပေးအပ်ခဲ့ခြင်းဖြစ်သည်။ ခရိယာန် သင်းအုပ်ဆရာမ အီဘန်ဂါသည် ငြိမ်းချမ်းရေးအတွက် အရေးဆိုရာတွင် ဘာသာ၊ လူမျိုးပေါင်းစုံမှ အမျိုးသမီးများ အတူတကွ စုစည်းထားသည့် နံရံမခြား အမျိုးသမီးများ ရှေ့ဆောင်အဖွဲ့ (Women Without Walls Initiative)ကို တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သည်။ ဘိုကိုဟာရမ်ကို တန်ပြန်ရာ၌ နိုင်ဂျီးရီးယားအစိုးရအနေဖြင့် ပိုမို စိတ်အားထက်သန်၍ ထိရောက် တက်ကြွသည့် နည်းလမ်းများ သုံးစွဲစေရန် အီဘန်ဂါနှင့် ရှေ့ဆောင်အဖွဲ့က ဖိအားပေးခဲ့သည်။ ၎င်းတို့သည် ရပ်ရွာလုံခြုံရေး တိုးတက်ကောင်းမွန်စေရန် ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သကဲ့သို့ လူငယ်များ အစွန်းရောက်ဝါဒ၏ လွှမ်းမိုးမှုမခံရစေရန် လူငယ်များနှင့် လက်တွဲလုပ်ကိုင်ကြသည်။ USIP ဘာသာရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု စင်တာ၏ ခေတ္တ ညွှန်ကြားရေးမှူး ဆူဇန်ဟေးဝဒ် နှင့်တွေ့ဆုံမေးမြန်းရာတွင် နိုင်ဂျီးရီးယား သင်းအုပ်ဆရာမ အက်စ်သာ အီဘန်ဂါက ဘာသာရေးခေါင်းဆောင်များသည် အစွန်းရောက်ဝါဒ ကြီးထွားရှင်သန်လာနေသည့် "အမှောင်စစ်တလင်းထဲသို့ လှမ်းထွက်လာ" သင့်သည်ဟု ပြောကြားခဲ့သည် ။ သူမက ခရိယာန် မယ်သီလရှင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ လူငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းက သူမ၏ အသင်းတော်၌ အဘယ့်ကြောင့် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်နေရသည် ၊ နောင်တက်လာမည့် နိုင်ဂျီးရီးယားအစိုးရအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည့် အရာများ နှင့် အကြမ်းဖက် အစွန်းရောက်ဝါဒကို တန်ပြန်ရန် လုပ်ဆောင်နေကြသော အခြား အမျိုးသမီးခေါင်းဆောင်တွေထံမှ သူမ လေ့လာသိရှိခဲ့သည်များကို ဆွေးနွေးခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလတွင် အီဘန်ဂါသည် USIP ၏ အစွန်းရောက် အကြမ်းဖက်မှုကို ကာကွယ်သည့် အမျိုးသမီးများ စီမံကိန်း (Women Preventing Extremist Violence project)တွင် ပါဝင်ခဲ့ပြီး မတ်လတွင် ကျင်းပမည့် ၃ ရက်တာ နှီးနှောဖလှယ်ပွဲ တွင် ပါဝင်ရန် USIP တွင် ရောက်ရှိနေပါသည် ။
ကျား-မအားလုံးပါဝင်သည့် ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၏ အဓိက အစိတ်အပိုင်းများ
အဓိက အယူအဆ
ဘာသာရေးပုဂ္ဂိုလ် အမျိုးသမီးများနှင့် မိန်းမငယ်များသည် လောကီနှင့် လောကုတ္တရာ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နည်းလမ်းများမှ ဖယ်ခွာခံရခြင်း သို့မဟုတ် ဘေးဖယ်ခံရခြင်း ဆက်လက်ဖြစ်ပေါ်နေသောကြောင့် ကျား-မ အားလုံး ပါဝင်သည့် ချဥ်းကပ်နည်း၏ မရှိမဖြစ် အရေးပါသည့် အစိတ်အပိုင်းမှာ အမျိုးသမီးများ ပါဝင်မှုကို ထောက်ခံပံ့ပိုးပေးရန် နှင့် အားပေးရန်ဖြစ်သည်။
လက်တွေ့အသုံးချလမ်းညွှန်
တစ်ဦးတစ်ယောက်၏ ကျား-မရေးရာနှင့် ဘာသာရေးဆိုင်ရာ ကိုယ်ပိုင် ယုံကြည်မှုများသည် ပုံသေမဟုတ်ပဲ ပြောင်းလဲနေပြီး အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေတာကြောင့် မတူညီသည့် ကျား-မရေးရာနှင့် ကျား-မ တန်းတူညီမျှရေး အယူအဆများ ပေါ်ပေါက်လျှက်ရှိနေသည်ကို ဆက်လက် ဆင်ခြင်သုံးသပ်ရန်၊ လမ်းဖွင့်ထားရန် အရေးကြီးသည်။