၂.၂ အင်အား (ပါဝါ) အမျိုးအစားများ နှင့် ကဏ္ဍနယ်ပယ်စုံ ကူးလူးဆက်စပ်မှု
ဗီဒီယို- တစ်သမတ်တည်း နဲ့ ဗဟုစုံ အင်အား (ပါဝါ)
ဒီဗီဒီယိုဟာ ဂျင်းရှပ် ရဲ့ တစ်သမတ်တည်းနဲ့ ဗဟုစုံ အင်အား (ပါဝါ) သီအိုရီတွေအပေါ်မှာ အာရုံစိုက်ထားပြီးတော့ ထောက်ပံ့ရေး မဏ္ဍိုင်များ ရဲ့ သစ္စာခံမှု အပြောင်းအလဲ နဲ့ ပတ်သက်ပြီးတော့၊ အလေးပေး ဖော်ပြထားပါတယ်။
အဓိက အယူအဆ
လူထုအာခံမှုကို သရုပ်ဖော်ပြတဲ့ အဓိကသီအိုရီကတော့ အင်အား (အာဏာ၊ ပါဝါ)နဲ့ သဘောတူညီချက်တို့အကြား ဆက်နွယ်မှုကို ရှုမြင်တဲ့ အင်အား (ပါဝါ)ဆိုင်ရာ သီအိုရီပဲ ဖြစ်ပါတယ်။
လက်တွေ့အသုံးချလမ်းညွှန်
မှတ်သားထားရမယ့် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ထောက်ပံ့ရေး မဏ္ဍိုင်များလို့ ခေါ်ဆိုတဲ့ ဒီ အဖွဲ့အစည်းတွေနဲ့ အင်စတီကျုရှင်းတွေဟာ လူတွေ၊ သာမန်ပြည်သူတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လူထုရဲ့ သစ္စာခံမှု ပြောင်းလဲတာနဲ့ ဒါတွေဟာလည်း ပြောင်းလဲကုန်မှာ ဖြစ်တယ်၊ ဒီတော့ခါ ပုံသေ တည်ရှိနေတာမျိုး မဟုတ်ပါဘူး။
ဗီဒီယို- အင်အား (ပါဝါ)၊ ကဏ္ဍစုံရောယှက်ဆက်နွယ်မှု နဲ့၊ လှုပ်ရှားဆောင်ရွက်မှု ဖြစ်ထွန်းတိုးတက်ခြင်း
ပြောစကား
“ပြသနာတစ်ခုတည်းအတွက် ရုန်းကန်နေရတဲ့ ကိစ္စရယ်လို့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ဟာ ပြသနာတစ်ခုတည်း ရှိတဲ့ ဘဝမှာ ရှင်သန်နေကြတာ မဟုတ်လို့ ပါပဲ”
– Audre Lorde –