အကြမ်းမဖက်လှုပ်ရှားမှု နည်းစနစ်များ

ဆောင်းပါး- ပြက်လုံး တစ်ခု သက်သက်မဟုတ်ပါ- ရယ်ရွှင်စရာ နှင့် အကြမ်းမဖက်လှုပ်ရှားမှု

အက်ဒမ် ဂေလ်ဂါ နှင့် အန်သိုနီ နဗွန်းတို့က အာဏာရှင်ပတ်ဝန်းကျင်တွင် ဟာသသည် မည်သို့မည်ပုံ စိတ်သက်သာရာရစေပြီး တော်လှန်ရေးကို မြှင့်တင်ပေးနိုင်ပုံကို ရေးသားထားသည်။

ရယ်ရွှင်ဖွယ်ရာများအား မကြာခဏဆိုသလို အကြမ်းမဖက်မှုဆိုင်ရာ လေ့လာမှုများနှင့် လမ်းညွှန်ချက်များတွင် အရေးတယူ ထည့်သွင်းခြင်း မရှိကြပေ။

အကြမ်းမဖက် ဆန့်ကျင်တွန်းလှန်မှုများ ၏ “ဆရာကြီး” ဟု သတ်မှတ်ခံထားရသော ဂျင်းန် ရှပ်(ပ်)သည်ပင် ၎င်း၏ ဩဇာကြီးမားလှသော အကြမ်းမဖက်လှုပ်ရှားမှု နည်းစနစ် (၁၉၈)ခု တွင် “ရယ်ရွှင်ဖွယ်ရာ သရော်စာဇာတ်လမ်းအတိုများနှင့် နောက်ပြောင်မှု” တစ်ခုကိုသာ ကိုးကားထားသည်။

သို့သော် ရယ်ရွှင်ဖွယ်ရာသည်ပါဝါကို စိန်ခေါ်ရာ၌ အထိရောက်ဆုံး နည်းပရိယာယ်တစ်ခု ဖြစ်ကြောင်း ပြသနေသည့် သုတေသနများ တိုး၍သာ ပေါ်ထွက်လာနေခဲ့သည်။

အကြမ်းမဖက်လှုပ်ရှားမှု နည်းစနစ်များ (၁၉၈)ခု

အကြမ်းမဖက်တော်လှန်ရေးသီချင်း

YouTube၊ Twitter နဲ့ Facebook တွေကို တားမြစ်ထားသည်၊ ကျား-မ အတူတကွတက်ရတဲ့ မူလတန်းကျောင်းတွေကို တားမြစ်ထားသည်၊/ ငလျင်ဒဏ်သင့်ခံသူတွေကို ကူညီခြင်းမပြုရန် တားမြစ်ထားသည်၊/ ဂြိုလ်တုစလောင်းကို တားမြစ်ထားသည်/ … သမ္မတနဲ့ ဆင်တူတယ်ဆိုတာကို တားမြစ်ထားသည်။’

Mamnooe ရဲ့ (“It’s Forbidden တားမြစ်ထားသည်”ဆိုတဲ့ သီချင်းမှာ အီရန်ဂီတအဖွဲ့ Kiosk ဟာ အီရန်နိုင်ငံတွင် တားမြစ်ထားသည့် အန္တရာယ်မရှိပုံရသော၊ တစ်ခါတစ်ရံ ဟာသဆန်ကာ၊ အမြဲ အလေးအနက်ထားရလွန်းသည့် လုပ်ဆောင်မှုမျိုးစုံကို ထည့်သွင်းထားသည်။

ဂီတကိုယ်၌ကိုက ခြွင်းချက်မရှိပါ။

အီရန်နိုင်ငံရေးနှင့် ယဉ်ကျေးမှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ခဲ့ကြရသောကြောင့် ဂီတသည် အစိုးရ၏ ကြိုးကိုင်ခြယ်လှယ်၊ ဆင်ဆာဖြတ်တောက်မှုများကြားကပင် အီရန်ပြည်သူများ၏ တွန်းလှန်မှုအသံများအား ထင်ဟပ်သည့် ကြားခံတစ်ခုအဖြစ် အတိုင်အဖောက်ညီညီ ဆင့်ကဲ ပြောင်းလဲတိုးတက်လာခဲ့သည်။

လမ်းညွှန် - အကြမ်းမဖက်လှုပ်ရှားမှု နည်းစနစ် (၁၉၈)ခု

အကြမ်းမဖက်တိုက်ပွဲဝင် ပုဂ္ဂိုလ်များ အလိုရှိသလို အသုံးပြုနိုင်သည့် “အကြမ်းမဖက်လက်နက်များ”သည် လက်နက်တိုက်တစ်ခုစာအပြည့် ရှိသည်။

ဤစာတမ်းတွင် နည်းစနစ် (၁၉၈) ခုကို အကြမ်းမဖက် ဆန္ဒထုတ်ဖော်ခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်း၊ မပူးပေါင်းမဆောင်ရွက်ခြင်း(လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး) ၊ နှင့် အကြမ်းမဖက် ဝင်ရောက်စွက်ဖက်ခြင်းဟူ၍ ကျယ်ကျယ်ပြန့်ပြန့် အမျိုးအစားသုံးမျိုး ခွဲခြား၍ စာရင်းပြုစုထားသည်။

နည်းစနစ် တစ်ခုချင်းစီ၏ ဖော်ပြချက်နှင့် သမိုင်းကြောင်းဆိုင်ရာ ဥပမာများကို ဂျင်းန်ရှပ်(ပ်) ၏ The Politics of Nonviolent Action( အကြမ်းမဖက် လှုပ်ရှားမှု၏ နိုင်ငံရေး) ၏ အတွဲ-၂ တွင် တွေ့ရှိနိုင်ပါသည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ